ဧဒင်အချစ်ပုံပြင်: တွံတေးမှ ခေါင်းဖြတ်သတ်မှု သံသယရှိသူ သုံးဦးကို ရဲဖမ်း

Wednesday 24 July 2013

တွံတေးမှ ခေါင်းဖြတ်သတ်မှု သံသယရှိသူ သုံးဦးကို ရဲဖမ်း

တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦး ခေါင်းဖြတ်အသတ်ခံ ရမှု နှင့်ပတ်သက်၍ သံသယရှိသူ သုံးဦးကို ရဲကဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဇူလိုင် ၂၃ ရက်တွင် သတင်း ထုတ်ပြန်သည်။

ယင်းအမှုမှာ ဇူလိုင် ၁၅ ရက်ကတည်းက ရဲစခန်းတွင် အမှုဖွင့်တိုင်းတန်းထားခြင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီးကြီးမှာ တွံတေးမြို့နယ်အတွင်းရှိ ကြည်တန်းရွာမှ အသက် ၅၇ နှစ်အရွယ် ဒေါ်စိန်သန်းဖြစ်ပြီးသူ၏ ခင်ပွန်းသည်က တရားလိုအဖြစ် တိုင်တန်းသဖြင့် ထိုအမှုကို

ခလောက်ချိုက်နယ်မြေ ရဲစခန်းက (ပ)၆၃/ ၁၃ဖြင့် အမှုဖွင့်ထားသည်။

၎င်းအမျိုးသမီးကြီးသည် အိမ်နှင့်ကိုက် ၁၀၀ ခန့်အကွာမှ ကွမ်းခြံအတွင်း၌ ခေါင်းပြတ်လျက် သေဆုံးနေခဲ့ ခြင်းဖြစ်ကြောင်း မဇ္ဈိမကဖော်ပြခဲ့ဖူးသည်။

ထိုအမှုကို ရဲများကလိုက်လံစုံစမ်းခဲ့ရာ တဲနီးချင်းဖြစ်သော အသက် ၂၉ နှစ်အရွယ် ကိုထူးနိုင်ကို ကနဦး သံသယရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ရဲများကစစ်ဆေးရာတွင် ကိုထူးနိုင်က သူ့ကို ငွေပေးစေခိုင်းခဲ့သူများရှိသည်ဟု လည်းဆိုပြန်သဖြင့် သံသယရှိသူ အသက် ၃၇ နှစ် အရွယ် ကိုအရှည်ကြီး(ခ) ကိုဇော်နှင့် အသက် ၂၅ နှစ်အရွယ် ကိုထွန်းမင်းလတ် (ခ)ကိုမောင်ထွန်းတို့ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

လက်ရှိအချိန်တွင်ရဲများက လူသတ်ရာတွင် အသုံးပြုခဲ့သည် သက်သေခံဓားကိုလည်း သိမ်းဆည်းထားပြီး သတ်ဖြတ်ရန် ပေးချေသည့် အခကြေးငွေဟု သံသယရှိဖွယ်ကောင်းသော ငွေကြေးများကိုလည်း သိမ်းဆည်းထားသည်ဟု ရဲဌာနကဆိုသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...