Rocky ဇာတ်လမ်းရုပ်ရှင်များဖြင့် အက်ရှင်ဇာတ်ကားကြိုက် ပရိသတ်များရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆီဗက်စတာ စတားလုန်းဟာ Rocky အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ဝင်ရောက် သရုပ်ဆောင်မှာ ဖြစ်ပြီးတော့ ဒီဇာတ်ကားမှာတော့ လက်ဝှေ့နည်းပြအဖြစ်နဲ့ ပရိသတ်တွေရဲ့ ရှေ့မှောက်ကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ UPI သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒီဇာတ်ကားမှာ စတားလုန်းဟာ သူ့ပြိုင်ဘက်လည်းဖြစ်၊ သူငယ်ချင်းလည်း ဖြစ်သူရဲ့မြေးကို လေ့ကျင့်သင်ကြားပေးတဲ့ နည်းပြဆရာ လက်ဝှေ့သမားဟောင်းကြီး Rocky အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ယခင် Rocky ဇတ်လမ်းတွေမှာ သူ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Apollo Creed ရဲ့ မြေးဖြစ်သူကို စတားလုန်းက နည်းပြလုပ်ပေးရမှာ ဖြစ်ပြီးတော့ ဇာတ်ကားနာမည်က Creed ဖြစ်ပါတယ်။
လူငယ်လက်ဝှေ့သမား Creed အဖြစ် မိုက်ကယ်ဘီဂျော်ဒန်က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဆီဗက်စတာစတားလုန်းဟာ Rocky ဇာတ်လမ်းရုပ်ရှင်တွဲတွေကို အပိုင်း (၆) အထိ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ Rambo ဇာတ်လမ်းတွေကြောင့်လည်း လူသိများပါတယ်။
Apollo Creed အဖြစ် လူမည်းသရုပ်ဆောင် ကားလဝဲလ်သာက သရုပ်ဆောင်ခဲ့ပြီး Rocky 4 ဇာတ်လမ်းမှာ ဒီဇာတ်ရုပ်ကို သတ်ခဲ့ပါတယ်။
The Voice Weekly

No comments:
Post a Comment