ဆရာကြီး
သခင်ကိုယ်တော်မှိုင်း နေထိုင်ခဲ့ရာစမ်းချောင်းရှိနေအိမ်တွင် ကွယ်လွန်ခြင်း
အောက်မေ့ဖွယ်အခမ်းအနား ကျင်းပမည်ဟု ၎င်း၏မြေးဖြစ် သူကပြောသည်။
''အရင်ကလည်း အဘိုးဆုံးတဲ့ ဇူလိုင် ၂၃ ရက်တိုင်းမှာ ဒီအိမ်လေးမှာ လုပ်ဖြစ်တယ်။ဒီနှစ်လည်း ဒီအစဉ် အ လာအတိုင်း လုပ်ပေးမှာပါဟု''မြေး ဖြစ် သူ ဒေါ်မြမြအေးက ပြောသည်။ထို့အပြင် ၎င်းနေအိမ်နှင့် ပတ် သက်၍ အဖိုးဖြစ်သူ၏ ဂူဗိမာန်ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့သို့ပေးအပ် ရန် အစီအစဉ်ရှိကြောင်းကိုလည်း ဒေါ် မြမြအေးက ထပ်လောင်းပြောသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း နေထိုင်ခဲ့သည့် စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာလမ်းရှိနေအိမ်သည် နာဂစ်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည့်အတွက် ယခုအခါ အထပ်မြင့်
တိုက်ခန်းအဖြစ်ပြောင်းလဲ ဆောက်လုပ်ထားပြီး မြေညီထပ်အခန်းအား သူမနှင့် အစ်ကိုဖြစ်သူ နေထိုင်ကာ ၎င်းတို့မရှိ သည့် နောက်ပိုင်းတွင် အဖိုးဖြစ်သူ၏ ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သို့ မေတ္တာဖြင့် ပေးအပ်သွားမည်ဟု ဒေါ်မြမြအေးက ပြောသည်။
''အန်တီတို့နှစ်ယောက်က အဘိုး ရဲ့ သမီးကြီးကမွေးတာ။ ဒီမှာနေတဲ့ နှစ် ယောက်စလုံးက လူလွတ်တွေဆိုတော့ အန်တီတို့မရှိတော့တဲ့အခါ အဘိုးရဲ့ ဂူ ဗိမာန်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ပေးသွားမှာပါ''ဟု ဒေါ်မြမြအေးက ဆိုသည်။ဆရာကြီး သခင်ကိုယ်တော်မှိုင်း တွင် ဒေါ်မြရီ၊ ဒေါ်မြသီ၊ ဦးစိန်ညွန့်၊ ဒေါ်မြကြည်ဟူ၍ သားသမီးလေးဦး ရှိကာ ဒေါ်မြမြအေးသည် သမီးကြီး ဒေါ်မြရီမှ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ် လုပ်ဆောင်နေသူ ဖြစ်သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၈၇၅ ခုနှစ် ပြည် ခရိုင်၊ ရွှေ တောင်မြို့နယ်၊ ဝါးလယ်ရွာတွင်ဖွားမြင်ခဲ့ပြီး
အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ကွယ်လွန်ခဲ့သည်။
Popular Myanmar News Journal

No comments:
Post a Comment