ဧဒင်အချစ်ပုံပြင်: TV အမှတ်တံဆိပ်ပါကော်ဗူး ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ထားခြင်း မရှိသည့် အတွက် ကော်ရှုသူလူငယ်များကို အရေးယူနိုင်မည် မဟုတ်ဟုဆို

Friday 5 July 2013

TV အမှတ်တံဆိပ်ပါကော်ဗူး ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ထားခြင်း မရှိသည့် အတွက် ကော်ရှုသူလူငယ်များကို အရေးယူနိုင်မည် မဟုတ်ဟုဆို

Photo: TV အမှတ်တံဆိပ်ပါကော်ဗူး ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ထားခြင်း မရှိသည့် အတွက် ကော်ရှုသူလူငယ်များကို အရေးယူနိုင်မည် မဟုတ်ဟုဆို

Friday, July 05, 2013

TV အမှတ်တံဆိပ်ပါကော်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာထုတ်ပြန်ထားခြင်း မရှိသည့် အတွက် ကော်ရှုသူလူငယ်များကို အရေးယူနိုင်မည် မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်ကပြောသည်။
ဌင်းကဇူလိုင် ၄ရက်နေ.ကကျင်းပသည့် ပြည်သူ.လွှတ်တော်အစည်းအဝေးတွင် ထီးချိုင့်မဲဆန္ဒနယ်မှ ဦးစိုးစိုး က မြန်မာနိုင်ငံတွင် လူငယ်အချို .ကော်ရှုသုံးစွဲခြင်းများအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်နှင့် တားဆီးကာကွယ်ရန်အတွက် ဆောင်ရွက်သင့်ပါကြောင်းအဆိုကိုပြန်လည်ဆွေးနွေးခြင်းဖြစ်သည်။

“သို့သော် ကော်ရှုသုံးစွဲပြီး ပြစ်မှုများ ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေအပြင် တည်ဆဲဥပဒေများဖြင့်ပါ အရေးယူမှာဖြစ်ပါတယ်”ဟုဒေါက်တာဝင်းမြင့်က ဆိုသည်။

ထီးချိုင့်မဲဆန္ဒနယ်မှ ဦးစိုးစိုး က မြန်မာနိုင်ငံတွင် လူငယ်အချို
့ကော်ရှုသုံးစွဲခြင်းများအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်နှင့် တားဆီးကာကွယ်ရန်အတွက် ဆောင်ရွက်သင့်ကြောင်း၊ ကော်ရှုသုံးစွဲသည့် လူငယ်များကို အရေးယူပေး ရန် ရဲစခန်းအပ်နှံရာ ဥပဒေမရှိသည့်အတွက် အရေးယူမရကြောင်း၊ ထို့အတူ ကော်ရှုသုံးစွဲသည့် လူငယ် အချို့ မြို့နယ်များတွင် ကျယ်ပြန့်လာရာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းများပါ ရှိနေသည့်အတွက် လူ့စွမ်း အားအရင်းအမြစ်ဆုံးရှုံးမှုများ
ဖြစ်လာနိုင်ကြောင်း အဆိုတင်သွင်းခဲ့သည်။
ဒေါက်တာဝင်းမြင့်ကလည်း လူငယ်များကော်ရှုသုံးစွဲနေခြင်းကို ၂၀၁၂ ခုနှစ်တွင်စတင်လေ့လာခဲ့ပြီး မူးယစ်ဆေးစွဲ ရောဂါကုသရေး နှင့် သုတေသနပြုရေး၏ လေ့လာတွေ့
ရှိချက်များအရ လူငယ်အများစုဖြစ်ပြီး အစာထိုးစိတ်ကြွရူးသွပ်ဆေး အနေဖြင့်လည်း သုံးစွဲနေကြကြောင်း၊ ၎င်းပစ္စည်းကို ၀ယ်ယူရန်မှာလည်း ကား၊ ဆိုင်ကယ်ပစ္စည်းဆိုင်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ကြောင်း၊ သုတေသနတွေ့ရှိချက်များအရ လူငယ်များ၏စူးစမ်းသုံးစွဲလိုခြင်းများ
သည် ကော်ရှုသုံးစွဲသည့် အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍
ကော်ရှုသုံးစွဲမှု သတင်းရသည့်မြို့နယ်များတွင် ကျောင်းသားများသုံးစွဲပါက ဆရာမိဘတွေ့ဆုံညှိနှိုင်းခြင်း ကျောင်းသားများအတွင်း ကင်းထောက်ချ၍
စောင့်ကြည့်ခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများ က တွေ့ဆုံပညာပေးခြင်း၊ အရောင်းဆိုင်များကိုလည်း ကျောင်းသား
လူငယ်များအား ကော်ရောင်းချခြင်း မပြုနိုင်ရန် တားမြစ်သည့်လုပ်ငန်းများ
ကို ကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါးများ ပူးတွဲသုံးစွဲနေပါ ကလည်း ကုသနိုင်ရေးလုပ်ငန်းအဖြစ် ဌာနပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။

ဌင်းအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လည်း နိုင်ငံနှင့် နိုင်ငံသားများအတွက် အင်မတန်အရေးကြီးပြီး အမျိုးသားရေး ကိစ္စတစ်ခုလည်း ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ပြီး အစိုးရ အဖွဲ့ထံလည်း အကြောင်းကြားမှာ ဖြစ်ကြောင်းဆွေးနွေးညွှန်ကြားခဲ့ပါသည်။
Venus News Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...