ဧဒင်အချစ်ပုံပြင်: လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး

Sunday, 21 July 2013

လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး

လော့စ်အိန်ဂျလိစ် ဇူလိုင် ၂ဝ
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ကျောင်းသူ၏ အမည်မှာ ယီမန်ယွမ်ဖြစ်ပြီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူ ကျောင်းသူ သုံးဦးအနက်မှ တစ်ဦး ဖြစ်ကြောင်းနှင့် သူမ၏ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သူမသည် လေယာဉ် ပျက်ကျမှုမှ ရရှိခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ အရေးပေါ် ယာဉ်တစ်စီး၏ မတော်တဆ ဖြတ်ကြိတ်မှုကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန် ရှိသူများက ဝန်ခံ ပြောကြားခဲ့သည်။
မြဝတီ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...