ဧဒင်အချစ်ပုံပြင်: ဗိုလ်ချုပ်လက်ရေးမူစာအုပ် မိဘဆရာအသင်းနှင့် စာအုပ်ပြန်လည်ရ ရှိရေးကော်မတီ နေပြည်တော်သို့သွားယူမည် "

Friday 9 August 2013

ဗိုလ်ချုပ်လက်ရေးမူစာအုပ် မိဘဆရာအသင်းနှင့် စာအုပ်ပြန်လည်ရ ရှိရေးကော်မတီ နေပြည်တော်သို့သွားယူမည် "

Photo: ဗိုလ်ချုပ်လက်ရေးမူစာအုပ် မိဘဆရာအသင်းနှင့် စာအုပ်ပြန်လည်ရ ရှိရေးကော်မတီ နေပြည်တော်သို့သွားယူမည် "
Friday, August 9, 2013

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ်အား လွှတ်တော်အစည်း အဝေးပြီးသည်ကို မစောင့်ပဲ ကြားကာလအတွင်း နေပြည်တော်သို့ သွားရောက်ယူမည်ဖြစ်ကြောင်း ရေနံချောင်း အ.ထ.က (၁) မိဘဆရာအသင်းမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝလက်ရေးမူစာအုပ်ကို ရေနံချောင်းမြို့လူထုဆန္ဒအရ ပြန်လိုချင်ပါကလွှတ်တော်အစည်းအဝေး(စက်တင်ဘာလ)ပြီးပါက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်မောင်မြင့်က ၎င်းကိုယ်တိုင်ပြန် ပို့ပေးမည်ဖြစ်ကြောင်း၊ ၎င်းကာလအား မစောင့်နိုင်ပါက နေပြည်တော်သို့ လာယူနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်မောင်မြင့်ကိုယ် စား ချောက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် က ရေနံချောင်း အ.ထ.က (၁)ခန်းမတွင် ယနေ့နံနက်ကပြောကြားခဲ့သည်။

ရေနံချောင်း အ.ထ.က (၁) မိဘဆရာအသင်းမှ ဒုဥက္ကဌ ဦးကျော်ဆန်းဦးက " မြို့နေလူထုဆန္ဒအရ ဗိုလ်ချုပ်လက်ရေးမူစာအုပ်ကို သွားယူမှာပါ။ စက်တင်ဘာလ လွှတ်တော်အစည်းအဝေးပြီးတာကို မစောင့်ဘဲ နေပြည်တော်ကိုသွားပြီး ယူမှာပါ။ ဒါပေမယ့် ဟိုဘက်က ဘယ်နေ့လာယူလို့ရပြီလို့ အကြောင်းကြားမှပဲ သွားယူဖြစ်မှာ၊ အခုက 
သွားယူမယ့် အချိန်ဇယားညှိနေတုန်းပါ " ဟု သြဂုတ် ၉ ရက်နေ့တွင်ပြောသည်။

ဗိုလ်ချုပ်လက်ရေးမူ စာအုပ်အားသွားယူရာတွင် ရေနံချောင်း အ.ထ.က (၁) မိဘဆရာအသင်း(သို့မဟုတ်) စာအုပ်ပြန်လည်ရရှိရေးကော်မတီ အနေဖြင့် လည်းကောင်း အဖွဲ့ ၂ ဖွဲ့ပူးပေါင်း၍လည်းကောင်း နေပြည်တော်သို့ သွားရောက် ယူမည်ဟု ၎င်းကပြောသည်။

ထက်ထက်မိုးမြင့်
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...