ဧဒင်အချစ်ပုံပြင်: မိန်းမလျာတစ်ယောက်ဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်လိုက်တဲ့ Prison Break စတားဝန့်ဝေါ့သ်မီလာ

Friday 23 August 2013

မိန်းမလျာတစ်ယောက်ဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်လိုက်တဲ့ Prison Break စတားဝန့်ဝေါ့သ်မီလာ

အောင်သုတ

"Prison Break" ဇာတ်လမ်းတွဲတွေမှာ ယောက်ျားပီပီသသနဲ့ ထက်မြက်သူတစ်ဦးအဖြစ် သရုပ်ဆောင် နိုင်ခဲ့ပြီး စကိုဖီးလ်လို့ လူသိများထင်ရှားခဲ့တဲ့ အင်္ဂလိပ်-အမေရိကန်မင်းသား ၀န့်ဝေါ့သ်မီလာဟာ မိန်းမ လျာတစ်ဦးဖြစ်တယ်လို့ လူသိရှင်ကြားဝန်ခံပြောကြားလိုက်ပါတယ်။



မီလာကို ရုရှားနိုင်ငံစိန့်ပီတာစ်ဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့ရာမှာ မီလာကရုရှားနိုင်ငံမှာထုတ်ထားတဲ့ မိန်းမလျာတွေကို ဆန့်ကျင်တားဆီးတဲ့ ဥပဒေ ကြောင့် မတက်ရောက်နိုင်ကြောင်း အိတ်ဖွင့်ပေးစာပေးပို့ခဲ့ရာမှာ အခုလိုထုတ်ဖော်ဝန်ခံခဲ့တာပါ။

သူက “ကျွန်တော့်ကို ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိန်းမလျာစိတ်ဝင်နေတဲ့ ယောက်ျားတစ် ယောက်အနေနဲ့ ကျွန်တော်နိမ့်ကျရမှာပါ။ ရုရှားအစိုးရရဲ့ လိင်တူချစ်သူတွေကို နှိမ့်ချဆက်ဆံနေတာကို ကြားသိရတာ ကျွန်တော့်အတွက် တကယ်ပဲစိတ်ဆင်းရဲစရာဖြစ်စေပါတယ်။ လက်ရှိအနေအထားဟာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်း မရှိပါဘူး။ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်း ချစ်ခင်စွာနေထိုင်ကြတဲ့ သူတွေကို အခြေခံအခွင့်အရေးတွေ မပေးနိုင်တဲ့နိုင်ငံမျိုးမှာ ပြုလုပ်တဲ့ဒီလိုပွဲမျိုးကို ကျွန်တော်မတက် ရောက်လိုပါဘူး။ နောက်နောင် အခြေအနေတွေ ပြောင်းလဲလာမှသာ ကျွန်တော့်ရဲ့စိတ်ကို ပြောင်းလဲ သွားမှာပါ”လို့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ဥက္ကဋ္ဌ မာရီယာအက်ဗာဘက်ခ်ဆီသို့ စာရေးသားပေးပို့ခဲ့ပါ တယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်ကတည်းက မီလာဟာမိန်းမလျာစိတ်ပေါက်နေသူတစ်ဦးဖြစ်တယ်လို့ သတင်းထွက်ပေါ် ခဲ့ပေမယ့် အသက် ၄၁ နှစ်အရွယ်ရှိ သူကမဟုတ်တဲ့အကြောင်း ငြင်းဆိုဖူးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူကအလုပ်ကိစ္စတွေ ရှုပ်ထွေးနေတာကြောင့် ချစ်သူရှာဖွေဖို့ကို အချိန်မပေးနိုင်တဲ့ အကြောင်း ဖြေရှင်းခဲ့ဖူးပါတယ်။

မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...