ဧဒင်အချစ်ပုံပြင်: (((((ကျုံးဘေးဓားခုတ်မှုများနဲ့ပတ်သက်လို့ ဗီဒီယိုဖိုင် တင်ရခြင်းအကြောင်း)))))

Monday 7 October 2013

(((((ကျုံးဘေးဓားခုတ်မှုများနဲ့ပတ်သက်လို့ ဗီဒီယိုဖိုင် တင်ရခြင်းအကြောင်း)))))


ကျွန်တော် ဒီဗီဒီယိုလေးကို တင်ရတာ အကြောင်းရှိပါတယ်။ တရားရေးဖက်က မရိုးသားမှုတွေကို မြင်နေကြားနေရလို့ပါ။ စဉ်းစားကြည့်စမ်းပါဦး ဘော်ဒါတို့။ တရားခွင်မှာ တရားသူကြီးက တရားခံလူငယ်တွေကို ဖက်ပွေ့ပြီး နှုတ်ဆက်တယ်တဲ့၊ ပြီးတော့ ပါးကို ဖက်နမ်းတယ်တဲ့။ ပြီးတော့- မင်းတို့ စိတ်မပျက်ကြပါနဲ့၊ ကွင်းလုံးကျွတ်လွတ်မှာပါ၊ ငါတာဝန်ယူပါတယ်လို့ အားပေးစကားပြောတယ်တဲ့။
ပြီးတော့- တရားခွင်အပြီးမှာ တရားခံလူငယ်များရဲ့မိဘတွေ ကားနဲ့တင်ခေါ်သွားတဲ့ စားသောက်ဆိုင်(ဟိုတယ်)ကို တရားသူကြီးနဲ့အဖွဲ့က ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးနဲ့ လိုက်ပါသွားပါသတဲ့။
(၂-၁၀-၂၀၁၃)ရက်ချိန်းမှာ မီဒီယာသမားတွေ အုံနဲ့ကျင်းနဲ့ လာတာတွေ့တော့ စီရင်ချက်မချပဲ ရက်ချိန်းပြန်ပေးလိုက်တယ်။ ပြန်ပေးတဲ့ရက်ချိန်းက မနက်ဖန် (၉-၁၀-၂၀၁၃) ဆို ရောက်တော့မှာပါ။ ဘယ်လိုဆုံးဖြတ်ချက်ချမှာလဲ။ တရားရေးအရာရှိများအနေနဲ့ အချိန်မီ ဆင်ခြင်သင့်တာများ ဆင်ခြင်နိုင်အောင် စေတနာနဲ့ ဒီဗီယိုဖိုင်လေးနဲ့ သတိပေးလိုက်တာပါ။ စေတနာနဲ့ပါ။
http://www.youtube.com/watch?v=NleemtN3FTk&feature=share&list=UUOCOsxmhrgWTrdnJ8h-boJg

From : Saung Luu Lin




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...