ဧဒင်အချစ်ပုံပြင်: အပျိုကြီးတစ်ဦးတည်းနေတဲ့အိမ် အသတ်ခံရပြီးစိန်ထည်များပါသွား

Friday 11 October 2013

အပျိုကြီးတစ်ဦးတည်းနေတဲ့အိမ် အသတ်ခံရပြီးစိန်ထည်များပါသွား



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန်လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ)
နှစ်ခန်းတွဲနေအိမ်တွင်နေထိုင်သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ
၁၁ရက်၌ ၎င်း၏နေအိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့်
သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ


လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက်ရှာဖွေခြင်းပြုလုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြတင်း ပေါက်သံဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။ အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ်ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့်တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမအကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး
ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံးခဲ့သည်ဆို၏။ သေဆုံးသူ
ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား)
အပျိုကြီးဖြစ်ကာ ၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။
အလောင်းကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး
ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။

ကောင်းထက်၊ မောင်မျိုး (၁၁-၁ဝ-၂ဝ၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...