ဧဒင်အချစ်ပုံပြင်: ညဥ့်နက်ပိုင်း လူစိမ်းတစ်ဦး နေအိမ်ပေါ်ရှိ ထုတ်တန်းပေါ်မှ ခုန်ဆင်းဓါးဖြင့် ထိုးသူကို ဓါးကိုလုပြီး ပြန်လုံးတိုက်ခိုက်ခုခံနိုင်ခဲ့သည့် ယဉ်ကျေးမှုတက္ကသိုလ်၊ ဂီတပညာအထူးပြုကျောင်းဆင်း မသဇင်

Friday 11 October 2013

ညဥ့်နက်ပိုင်း လူစိမ်းတစ်ဦး နေအိမ်ပေါ်ရှိ ထုတ်တန်းပေါ်မှ ခုန်ဆင်းဓါးဖြင့် ထိုးသူကို ဓါးကိုလုပြီး ပြန်လုံးတိုက်ခိုက်ခုခံနိုင်ခဲ့သည့် ယဉ်ကျေးမှုတက္ကသိုလ်၊ ဂီတပညာအထူးပြုကျောင်းဆင်း မသဇင်

Photo: ညဥ့်နက်ပိုင်း လူစိမ်းတစ်ဦး နေအိမ်ပေါ်ရှိ ထုတ်တန်းပေါ်မှ ခုန်ဆင်းဓါးဖြင့် ထိုးသူကို ဓါးကိုလုပြီး ပြန်လုံးတိုက်ခိုက်ခုခံနိုင်ခဲ့သည့် ယဉ်ကျေးမှုတက္ကသိုလ်၊ ဂီတပညာအထူးပြုကျောင်းဆင်း မသဇင်

အင်မတန်သတ္တိကောင်းတဲ့ ညီမငယ်တစ်ဦးပါ... ကျနော်တို့အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်က ဂီတပညာအထူးပြုနဲ့ကျောင်းဆင်းခဲ့သူတစ်ဦးပါ။

ဖြစ်စဉ်ကတော့ ည ၂နာရီ ၃နာရီခန့် မှာမိုးတွေရွာတော့ နောက်ဖေးတံခါးကို ပိတ်ဖို့အသွား မီးဖိုခန်းထဲမှာ လူစိမ်းတစ်ယောက်က ထုတ်တန်းပေါ်ကဆင်း ဓါးနဲ့ထိုးတာပါ လည်ပင်းကို စထိုးမိပါတယ် သတ္တိကောင်းတဲ့ ညီမက အဲဒီလူလက်ထဲကဓါးကိုလုပြီး ပြန်လုံးပါတယ်။

မျက်နှာကို တစ်ချက်ထပ်ထိပါတယ် လူစိမ်းက ဓါးနဲ့ကြိမ်ဖန်များစွာထိုးသော် လည်း ညီမက ပြန်လည်ခုခံကယကွယ်ခဲ့တဲ့အတွက် အရမ်းထိခခိုက်တာမျိုးမဖြစ်ခဲ့ပါဘူး။

နောက်ဆုံးဓါးသွားကွတ်ထွက်ပြီး၊ လူစိမ်းကို ညီမက ပြန်ချုပ်ထားနိုင်ခဲ့ပြီး အော်ဟစ်အကူအညီတောင်းတော့မှ တခြားသူတွေရေက်လာပြီး လူစိမ်းကို ရဲစခန်းပို့နိုင်ခဲ့ပါတယ်။

ခုလောလောဆယ်တော့ရန်ကုန်ဆေးရုံကြီး အခန်း ၈ မှာ ဆေးကုသခံယူလျက်ရှိပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း ညီမငယ်တစ်ဦးအတွက် ကျနော်တို့ TOGETHER ညီအကိုမောင်နှမများသွားရောက် ကူညီစောင့်ရှောက်ခဲ့ကြပါတယ်။

Posted From Ogre MoodTOGETHER network

ဆက်စပ်သတင်း (Mizzima - News in Burmese)
ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး

ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၇ မိနစ်

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်
နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။

ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိ လူတစ်ဦး ဒူးထောင်ထိုင်နေသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။ ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ်အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။

ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်၊ ပုံနှိပ်စက်ကိုင်၊ IME ကုမ္ပဏီ၊ တိုက်(၈)၊(ပ)၊ အင်းစိန်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...