တရုတ်နိုင်ငံ ဟင်းနမ်းပြည်နယ်မှ ဟောင်ရွမ်းမင်ဆိုသူရဲ့ နှလုံးဟာ မွေးကတည်းက
နှစ်တိုင်တိုင် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် သူ့မှာ 
အသက်အန္တရာယ် ရှိပြီး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ 
ဆရာဝန်တွေက ပြောပြီး နောက်ပိုင်းမှာမှ သူ့ ကိုယ်သူ ဂရုစိုက်ရမှန်း 
သိလာပါတယ်။ မွေးကတည်းက နှလုံးနေရာ မှားယွင်းပြီး တည်ရှိ နေတာဟာ 
အလွန်ရှားပါးပြီး ကလေး အယောက် တစ်သိန်းမှာမှ ငါးယောက်သာ ပါဝင် နိုင်တယ်လို့
 သိရပါတယ်။ မွေးပြီးပြီးချင်း သေဆုံးတတ်ကြပါတယ်။ ရွမ်းမင်ရဲ့ နှလုံးဟာ 
အရေပြားအောက်မှာ တည်ရှိပြီး ၀မ်းဗိုက်မှာ စူထွက်နေတာကြောင့် 
နှလုံးခုန်တာကိုထင် ထင်ရှားရှား မြင်တွေ့ရသလို ထိခိုက်ဒဏ်ရာရဖို့လည်း 
အန္တရာယ် အလွန်များတဲ့အတွက် ဆရာဝန်တွေက သူ့ကို 
အသက်ရှင်နိုင်လိမ့်မယ်လို့တောင် မထင်ခဲ့ပါဘူး။ သားယောကျာ်း ဖြစ်တာမို့ 
မိဘတွေအနေနဲ့ အသက်ရှင်စေလိုတဲ့ အတွက် ငယ်စဉ်ကတည်းက သူ့ကို ဘယ်သူနဲ့မှ 
ကစားခွင့် မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ရွမ်းမင်အနေနဲ့ ခွဲစိတ်ကုသမှု ခံယူပြီး 
နှလုံးနေရာရွေ့ဖို့ ငွေရေးကြေးရေး မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ 
စာနယ်ဇင်းဆရာတွေက သူ့အကြောင်းကို ဖော်ပြပြီး ခြောက်ရက်အတွင်းမှာ 
ခွဲစိတ်ကုသဖို့ အတွက် ငွေကြေး အလုံအလောက် ရရှိသွားလို့ သိရပါတယ်။ သူ့ကို ၁၀
 နာရီကြာ ခွဲစိတ်ကုသရပြီး ခွဲစိတ်ကုသမှု အောင်မြင်တဲ့အတွက် ပုံမှန် 
လူတစ်ယောက်လို နေထိုင်သွားနိုင်ပြီလို့ ဆိုပါတယ်။ သူ့ကို ကူညီတဲ့သူ 
အားလုံးကို ကျေးဇူတင်ပါတယ်လို့ ရွမ်းမင်က ဆိုပါတယ်။
By ပြည်မြန်မာ
No comments:
Post a Comment