ဧဒင်အချစ်ပုံပြင်: ဗိုလ်ချုပ်မှူးကြီး ဟောင်း မြေး နဲ့ လုံးဝ မပတ်သက် ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

Monday 7 October 2013

ဗိုလ်ချုပ်မှူးကြီး ဟောင်း မြေး နဲ့ လုံးဝ မပတ်သက် ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

Photo: ဗိုလ်ချုပ်မှူးကြီး ဟောင်း မြေး နဲ့ လုံးဝ မပတ်သက် ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦး သန်းရွှေ ရဲ့ မြေး နေရွှေသွေးအောင် ( ဖိုးလပြည့် ) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ် ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ မှာ တွဲ ဖက် တွေ့ ရ ပေမယ့် သူတို့ ကြားမှာ ဘယ်လို ပတ်သက်မှု မျိုးမှ မရှိ ကြောင်း ကမ္ဘာ့ မယ် စကြဝဠာ ပြိုင်ပွဲ မှာ မြန်မာ နိုင်ငံ ကိုယ်စား ပြု ဝင်ရောက် ယှဉ်ပြိုင် မယ့် မိုးစက်ဝိုင် က ရှင်းလင်း ပြောကြား လိုက် ပါတယ်။ ရန်ကုန် မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ် မှာ ဒီနေ့ ညနေ ၃ နာရီ က ပြုလုပ် တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာ များ သတင်းစာ ရှင်းလင်း ပွဲ မှာ မိုးစက်ဝိုင် က အထက်ပါ အတိုင်း ပြော ဆို လိုက်တာ ဖြစ်ပါ တယ်။

“ဖိုးလပြည့် နဲ့တော့ ဘာမှ မဟုတ်တာ သေချာတယ် လို့ ပြောရဲ ပါတယ် ရှင့်။ ကိုယ့် သိက္ခာ အတွ က်တော့ တကူး တက မြှင့် စရာ မရှိ ပါဘူး။ မိုးစက် က အနေ အထိုင် မသင့်တော် လို့ ဖြစ်တာ မ ဟုတ် တဲ့ အတွက် ဘာမှ ထူးထူး ခြားခြား ရှင်းလင်း နေဖို့ မရှိဘူး” လို့ မိုးစက်ဝိုင် က ဆိုပါတယ်။

တက္ကသိုလ် ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ ကို တက်ရောက် ဖို့အတွက် အားကစား ဝန်ကြီး ဌာနက ဖိတ်ကြား တာကြောင့် ပွဲ ကို တက်ရောက် ခဲ့ပြီး ပြိုင်ပွဲ အတွက် သီးသန့် စီစဉ် ထားတဲ့ ပြိုင်ကား ကို ၃ မိနစ် လောက် သာ စီးခဲ့ တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေး သင် တက္ကသိုလ် အင်္ဂလိပ် စာ မေဂျာေ ကျာ င်းသူ ဟောင်း တဦး လည်း ဖြစ်တဲ့ အတွက် အားကစား ပွဲ ကို တက်ရောက် ခဲ့တာ ဖြစ်ကြော င်း ၊ ဒါ့ အပြင် အဲဒီ ပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုး လည်း အတူ တက်ရောက် ခဲ့ကြောင်း သိရ ပါတယ်။

တက္ကသိုလ် ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ မှာ မိုးစက်ဝိုင် ကို နေရွှေသွေးအောင် နဲ့ အတူ တွဲဖက်ေ တွ့ လိုက် ရတဲ့ အတွက် သူတို့ နှစ်ဦး ပတ်သက်မှု ရှိရမယ် ဆိုပြီး ပရိသတ် တွေ က ဝေဖန် ခဲ့ကြ သ လို၊ မိုးစက်ဝိုင် ကို မယ်စကြဝဠာ ပြိုင်ပွဲ အတွက် ရွေးချယ် မိတာ မှားတယ် ဆိုတဲ့ ဝေဖန် သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာ တွေ က အင်တာနက် စာမျက်နှာ တွေ ထက်မှာ ပျံ့နှံ့ နေ တာေ တွ့ရ ပါတယ်။

အရင် က မြန်မာ နိုင်ငံ ကိုယ်စားပြု ရွေးချယ် ခဲ့တဲ့ အလှမယ် တွေ အနေ နဲ့ နိုင်ငံ ရပ်ခြား က မယ် ပြိုင်ပွဲ တွေမှာ သွားရောက် ယှဉ်ပြိုင် ရာမှာ အင်တာနက် မဲ အများဆုံး ဆု၊ ပရိသတ် အား အပေးဆုံး ဆုတွေ ရရှိ ခဲ့ပေမယ့် မယ် စကြဝဠာ ပြိုင်ပွဲ အတွက် ရွေးချယ် ထားတဲ့ မိုးစက်ဝိုင် အနေနဲ့ လတ် တလော ပျံ့နှံ့ နေတဲ့ ပုံတွေ ကြောင့် ပရိသတ် အားပေးမှု လျော့ကျ သွားနိုင် တယ် လို့ ဝေဖန်နေ တာတွေ လည်း ရှိနေ ပါတယ်။ “ပရိသတ် တွေ က အထင်လွဲ တဲ့ အတွက် စိတ်မကောင်း တော့ နည်း နည်း ဖြစ်တယ်။ မဟုတ်တဲ့ ကိစ္စ ကို အားလုံး က အထင် လွဲ နေတာ ကြောင့် အခုလို ရှင်းလ င်း ပွဲ ကနေ တဆင့် လူတိုင်း သိနိုင် ပါစေလို့ ဆုတောင်း ပါတယ်။ အစ ကတော့ တခုခု ဆို မရှင်းေ တာ့ ဘူး လို့ စဉ်းစား ခဲ့ပါသေး တယ်” လို့ မိုးစက်ဝိုင် က ပြောပါတယ်။

ရုရှား နိုင်ငံ မော်စကိုမြို့ မှာ ပြုလုပ် မယ့် မယ် စကြဝဠာ ပြိုင်ပွဲ ကို နေရွှေသွေးအောင် သွားကြည့် မယ် ဆိုတဲ့ ကောလာဟ လ တွေ ထွက်ပေါ် နေတာနဲ့ ပတ်သက် ပြီး မိုးစက်ဝိုင် က မြန်မာ နိုင်ငံ တွင်း က ဘယ်သူ မဆို သူ သွားပြီး ယှဉ်ပြိုင် ရမယ့် မယ် စကြဝဠာ ပြိုင်ပွဲ မှာ လာပြီး အားပေး မယ် ဆိုရင် အကောင်းဆုံး ပဲ လို့ ဆို ပါတယ်။ ဒါပေမယ့် နေရွှေသွေးအောင် က ရုရှား အထိ လာပြီး အားပေး မယ် ဆိုတာ ကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူး လို့ ဆက်ပြောပါ တယ်။

မိုးစက်ဝိုင် နာမည် နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာ တွေ အားလုံး ဟာ သူ ဖွင့်ထား တာ မ ဟုတ် တဲ့ အပြင်၊ သူ့ ကိုယ်ပိုင် facebook စာမျက်နှာ ကို ဒီနေ့ ညကျမှ သာ တရားဝင် ဖွင့်လှစ် မှာ ဖြစ်တဲ့ အကြောင်း၊ မယ် စကြဝဠာ ပြိုင်ပွဲ အတွက် တာဝန် ယူ ထားတဲ့ Hello Madam အဖွဲ့ အ စည်း နဲ့ သာ ပရဟိတ လုပ်ငန်း တွေ၊ အနုပညာ လှုပ်ရှားမှု တွေကို ဆက်လက် လုပ်သွား မှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆု ရထား တဲ့ ဆုကြေးငွေ တွေ ကို ပရဟိတ လုပ်ငန်း တခု ထူထောင် ပြီး ဆောင်ရွက် သွား ဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ် ကျင်းပ တဲ့ သတင်း စာ ရှင်းလင်းပွဲ မှာ ပြောကြား သွား ပါတယ်။

Photo : နေရွှေသွေးအောင် နဲ့ လုံးဝ မပတ်သက် ဘူး ဆိုတဲ့ မိုးစက်ဝိုင် ကို ဒီနေ့ သတင်းစာ ရှင်း လင်းပွဲ မှာ တွေ့ရစဉ် ( ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ )

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...