ဧဒင်အချစ်ပုံပြင်: "မြင်းမိုရ်တောင်ဦးကို ညွတ်နူးတဲ့ ၀ါကျွတ်အစဉ်အလာ" လွင်မိုး

Friday 18 October 2013

"မြင်းမိုရ်တောင်ဦးကို ညွတ်နူးတဲ့ ၀ါကျွတ်အစဉ်အလာ" လွင်မိုး

Photo: "မြင်းမိုရ်တောင်ဦးကို ညွတ်နူးတဲ့ ၀ါကျွတ်အစဉ်အလာ"
လွင်မိုး
Friday, October 18, 2013

မေး - အနုပညာရှင် တစ်ယောက် မဖြစ်ခင် ကလေးဘ၀တည်းက မိဘတွေကို ကန်တော့ခဲ့ပါသလား။

ဖြေ - ငယ်စဉ်ကတော့ သီတင်းကျွတ်ရောက်ရင် လူကြီးမိဘတွေကို ကန်တော့ရတယ်။ ဒါပဲသိတာကိုး၊ အဓိကကတော့ မုန့်ဖိုးရချင်လို့ ကန်တော့တာပေါ့လေ။

မေး - အဲဒီတုန်းက မိဘကို ကန်တော့နေတဲ့ သားသမီးတစ်ယောက်ရဲ့ ခံစားမှုက ..

ဖြေ - သားသမီးတစ်ယောက် အနေနဲ့ မိဘ တွေကို ကန်တော့ရတဲ့ အချိန်ဆိုပျော်ရွှင်နေတာပါပဲ။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒီအစဉ်အလာ ရိုးရာလေးအပေါ်မှာလည်း ကျေနပ် ဂုဏ်ယူမိတယ်။ အခုအချိန်ထိ မိဘတွေကို နှစ်စဉ်မပျက် ကန်တော့ဖြစ်ပါတယ်။

မေး -အခုလို မိဘနေရာ၊ ကန်တော့ခံ ပုဂ္ဂိုလ်နေရာ ရောက်လာတော့ သမီးလေးတွေကန်တော့တော့ ဘယ်လိုခံစားမိလဲ။

ဖြေ - ရှေးအစဉ်အဆက်ကတည်းက ကန်တော့ခဲ့ကြတဲ့ ဒီရိုးရာလေးကို သားသမီးတွေကို အမွေပေးတာပါပဲ။ တကယ်ခံစားမှုကို ရလာတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ ကန်တော့ ခံဖို့ထက် ကန်တော့ဖို့ကိုပဲ အာသီသ ရှိပါတယ်။ အဲဒီစိတ်ကလည်း ကန်တော့ခံရတဲ့ အရွယ်မှာ သိတယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ မိဘတိုင်းဟာ သားသမီး အပေါ်မှာ ကန်တော့ စေချင်တဲ့ စိတ်မရှိကြပါဘူး။ မိဘတွေရဲ့ မေတ္တာဟာ အမြဲတမ်းစီးဆင်းသွားကြမှာပါပဲ။ သားသမီးတွေဆီက ပြန်ပြီး ဆန်တက်လာမယ့် အရာကို မမျှော်လင့်ကြပါဘူး။ အခုလို သမီးတွေက ကန်တော့တဲ့ အခါ ခံစားမှု ပီတိလေးဟာ ရင်ထဲမှာ တော်တော်လေး စူးနင့်စွာခံစားမိပါတယ်။

ယွန်းဝတီလွင်မိုး၊ ယွန်းနန္ဒီလွင်မိုး

မေး -ဖေဖေနဲ့ မေမေ တို့ကို ညတိုင်း အိပ်ခါနီး ကန်တော့ဖြစ်လား

ဖြေ - ကန်တော့ ဖြစ်ပါတယ်။

မေး - ကန်တော့တဲ့ အခါ ပါးစပ်က ဘယ်လိုပြောပြီး ကန်တော့လဲ။

ဖြေ - ကာယကံ၊ ၀စီကံ၊ မနောကံ ကံ (၃)ပါးနဲ့ ပြစ်မှားမိပါက ခွင့်လွှတ်ပါဟု ပြောပြီး ကန်တော့ပါတယ်။

မေး - အခုသီတင်းကျွတ်မှာ မိဘကို ကန်တော့ရတဲ့အတွက် သမီးတို့ ဘယ်လိုခံစားရလဲ။

ဖြေ - ပျော်ပါတယ်။

(၂၀၀၇၊ အောက်တိုဘာလထုတ် ရတီမဂ္ဂဇင်း တွင် ပါဝင်သော အကယ်ဒမီ လွင်မိုး မိသားစု ရဲ့ သီတင်းကျွတ် ကန်တော့ကြတဲ့ ပုံရိပ်လေးများကို ပရိသတ်များအတွက် အမှတ်တရ အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။)

Yati Magazine

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...