ဧဒင်အချစ်ပုံပြင်: မလေးရှားတွင် အဖမ်းခံထားရသော မြန်မာ ၁၇၃ ဦး သီတဂူနှင့် MAI စီစဉ်မှုဖြင့် အောက်တိုဘာ ၈ ရက် ပြန်ရောက်မည်

Monday 7 October 2013

မလေးရှားတွင် အဖမ်းခံထားရသော မြန်မာ ၁၇၃ ဦး သီတဂူနှင့် MAI စီစဉ်မှုဖြင့် အောက်တိုဘာ ၈ ရက် ပြန်ရောက်မည်

Photo: မလေးရှားတွင် အဖမ်းခံထားရသော မြန်မာ ၁၇၃ ဦး သီတဂူနှင့် MAI စီစဉ်မှုဖြင့် အောက်တိုဘာ ၈ ရက် ပြန်ရောက်မည်
Tuesday, October 8, 2013

မလေးရှားနိုင်ငံတွင် အကျဉ်းကျနေပြီး camp များတွင် နေ ထိုင်နေသော မြန်မာနိုင်ငံသား ၁၇၃ ဦးကို သီတဂူအထောက် အကူပြုအဖွဲ့(မလေးရှား)နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း၊ ကမ္ဘောဇဘဏ်တို့၏ အခမဲ့စင်းလုံးငှားအစီအစဉ်ဖြင့် အောက်တိုဘာ ၈ ရက်၌  ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAIက မလေးရှားနိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများကို အခမဲ့ စင်းလုံးငှားစီစဉ်ပျံ သန်းပေးမှုမှာ ငါးကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၃၀၀၀ ကျော် ပို့ပေးပြီးဖြစ်သည်။

““ဒီတစ်ခါပြန်ခေါ်မယ့်သူတွေက camp တွေမှာနေတဲ့သူတွေများတယ်။ ကြိုတင်စာရင်းပေးပြီးသားတွေပါ အကုန်လုံးတာဝန်ယူသွားမှာပါ””ဟု သီတဂူအထောက်အကူပြု(မလေးရှား)ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါက်တာ မြတ်သူကပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအတွက် လုံခြုံမှုမရှိဟုဆိုကာ ကလေးငယ်များ အပါအ၀င် မြန်မာအလုပ်သမား ၁၇၆ ဦး သီတဂူဆရာတော်၏ စီစဉ်မှုဖြင့် စက်တင်ဘာ ၁၃ ရက် က ပြန်လည်ရောက်ရှိလာသည်။

““မလေးရှားကနေ ပြန်လာချင်တဲ့သူတွေအားလုံး အဆင်ပြေအောင် လုပ်ပေးသွားမှာပါ။ နောက်လည်း အခမဲ့ပျံသန်းပေးဦးမှာပါ””ဟု အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းမှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

မလေးရှားနိုင်ငံတွင် မေ ၂၉ ရက်မှ ဇွန် ၈ ရက်အထိ မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်ရာ မြန်မာနိုင်ငံသား ရှစ်ဦး သေဆုံးခဲ့သည်။ သြဂုတ် ၃ ရက်တွင် ဆာလာရန်းဈေးအနီး ပလက်ဖောင်းပေါ်တွင် မြန်မာနိုင်ငံ သားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ သြဂုတ် ၁၆ ရက်တွင် ဂျိုဟိုး ပြည် နယ် တမန်ကိုတာ ရပ်ကွက်ရှိ Panasonic ဖုန်းများထုတ်လုပ်သော စက်ရုံတွင် အလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီး တစ်ဦး မလေးရှားနိုင်ငံသားများ၏ အုပ်စုလိုက်အဓမ္မပြုကျင့်မှု ခံခဲ့ရသည်။ အောက်တိုဘာ ၃ ရက်တွင်လည်း ဂျိုးဟိုးပြည်နယ်၊ စီးနိုင်းမြို့၊ တမန် ဘင်တန်ရပ်ကွက်ရှိ TDKလျှပ်စစ် ပစ္စည်းထုတ်လုပ်သောဆိုင်တွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီး ကရင်တိုင်းရင်းသူတစ်ဦးအား မလေးရှားနိုင်ငံသားသုံးဦးက အတင်းအဓမ္မခေါ်ဆောင်ကာ မုဒိမ်းကျင့်ပြီး ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုပြစ်မှုများမှ တရားခံများအားလုံးကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသေးပေ။ မလေးရှားနိုင်ငံမှ ပြန်လာလိုသောကြောင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စာရင်းပေးသွင်းထားသူစုစုပေါင်း ၁၅၀၀ ကျော် ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 

7 Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...