ဧဒင်အချစ်ပုံပြင်: The Aizawi Thunder အဖွဲ့ဆိုင်ကယ်အစီး ၃ဝဝ ချင်းတောင်တက်မည်

Saturday 19 October 2013

The Aizawi Thunder အဖွဲ့ဆိုင်ကယ်အစီး ၃ဝဝ ချင်းတောင်တက်မည်

Photo: The Aizawi Thunder အဖွဲ့ဆိုင်ကယ်အစီး ၃ဝဝ ချင်းတောင်တက်မည်
Sunday, October 20, 2013

Bullet ဆိုင်ကယ်စီးပြီး နယ်လှည့်သွားလာနေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ The Aizawi Thunder အဖွဲ့သည် ချင်းပြည်နယ်ရှိ နာမည်ကြီး အသည်းနှလုံးပုံ ရိဒ်ရေကန်ကို ချစ်ကြည်ရေးခရီးအနေဖြင့် ဆိုင်ကယ်အစီး ၃ဝဝ ခန့်ဖြင့် သွားရောက်ကြမည်ဟု သိရသည်။

အောက်တိုဘာ ၂၁ ရက်မှ ၂၆ ရက်အထိ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ကျင်းပမည့် 5th North East Riders' Meet တွင် ပါဝင်ရင်း ယခုကဲ့သို့ ချင်းတောင်ပေါ်ရှိ ရိဒ်ရေကန်ကို နှစ်နိုင်ငံချစ်ကြည်ရေးခရီးအနေဖြင့် သွားရောက်ကြမည်ဟု The Aizawi Thunder အဖွဲ့ခေါင်းဆောင် လားရင့်ချန်နာတို ချောင်းကပြောသည်။

''ကျွန်တော်တို့ နဂိုစီစဉ်ထားတာက ကလေးမြို့ တာဟန်းအထိ သွားဖို့ပါ၊ ဒါပေမယ့်လမ်းတွေက အလွန်ဆိုးနေတော့ တာဟန်းဘက်ကိုတော့ မရောက်တော့ဘူး။ ရိဒ်ရေကန်ကို တက်ကြမှာပါ''ဟု လားရင့်ချန်နာက ပြောသည်။ The Aizawi Thunder မှ Royal Enfield Bullet ဆိုင်ကယ်သမား ၃ဝဝ တို့သည် အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့နယ်ခွဲရှိ ရိဒ်ရေကန်နှင့်အနီးနား ပတ်ဝန်းကျင်ကျေးရွာများကို သွားရောက်လေ့လာကြမည်ဖြစ်သည်။

Inline image 1 ယင်းကိစ္စအတွက် ချင်းပြည်နယ်အစိုးရထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ကြိုဆိုလက်ခံကြောင်း လားရင့်ချန်နာက ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ်အသီးသီးမှ ဆိုင်ကယ်သမားများစုဝေးရာ North East Riders တွေ့ဆုံပွဲကို ၂ဝဝ၉ ခုနှစ်ကစပြီး အိန္ဒိယနိုင်ငံ ဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပလာခဲ့ကြရာ ယခုနှစ်တွင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ကျင်းပကြမည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲကျင်းပသည့် အချိန်တွင် အဖွဲ့၏ရည်ရွယ်ချက်ဖြစ်သော To Ride with Charity နှင့်အညီ မိဘမဲ့ဂေဟာတချို့တွင် အလှူဒါနပြုကြမည်ဟု သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...