ဧဒင်အချစ်ပုံပြင်: လူမျိုးခြား တစ်ဦး၏ မတရားလောဘ

Saturday 19 October 2013

လူမျိုးခြား တစ်ဦး၏ မတရားလောဘ

ကချင်ပြည်နယ် ဗန်မော်မြို့ရှိ ရွှေကျီးနားကျေးရွာနှင့် နမ့်ဖားကျေးရွာသားများဆန္ဒဖော်ထုတ်
ကချင်ပြည်နယ် ဗန်မော်မြို့ တာပိန်မြစ် အနီးရှိ ရွှေကျီးနား ကျေးရွာနှင့် နမ့်ဖားကျေးရွာ အကြား မြေကွက်လပ်သည် ခန့်မှန်း ၂၅ ဧကခန့်ရှိသည်။ လွတ်လပ်ရေး မရခင် အင်္ဂလိပ်လူမျိုး၊ နောင် အိန္ဒိယလူမျိုး မကီရာမ်တို့ စက်ရုံလုပ်ငန်းအဖြစ်အသုံးပြုခဲ့ကြသည်။
၁၉၆၃၊ ၆၄ ခုနှစ် တော်လှန်ရေး အစိုးရက ထိုနေရာအားပြည်သူပိုင်သိမ်းခဲ့သည်။ နောက်ပိုင်း အိန္ဒိယလူမျိုး မကီရာမ် သေဆုံးပြီး ညီအရင်းဖြစ်သူ ဦးကြွက်မှီးနှင့် မန်နေဂျာ ဂျာကနှား တို့ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်က စက်ရုံလုပ်ငန်းအတွက် ကုန်ပို့တာဝန်ခံ ဦးမန်ဂန်းဆန်(ခ) ဦးကျော်မြင့် ဆိုသူပါ ၀င်ရောက် ကူညီ လုပ်ကိုင်ပေးနေရာမှ စက်ရုံအားချိတ်ပိတ်စစ်ဆေးနေစဉ်
ဆီ၊ဆန် ပျောက်ဆုံးမှု့ နိုင်ငံခြားသို့ တရားမ၀င်ငွေပို့မှု့ဖြင့် မန်ဂန်းဆန်(ခ) ဦးကျော်မြင့် ထောင်ကျခဲ့သည်။
ထိုအချိန်မှ စ၍ဆန်စက်၊ ဆီစက် ၊သစ်စက် လုပ်ငန်းများ တဖြေးဖြေးရပ်ဆိုင်းခဲ့ပြီး စက်ရုံရှိ စက်ပစ္စည်းများ အဆောက်အဦးများကို ဖြုတ်ရောင်းချပြီး စက်ရုံလုပ်ငန်းများ လုံးဝရပ်ဆိုင်းခဲ့သည်မှာ ယနေ့ချိန်ထိ နှစ်ပေါင်း (၅၀)ခန့် ကြာခဲ့ပြီးဖြစ်သည်။
ယနေ့  ဗန်မော်မြို့ အဆင့်မြှင့်တင်မှု့ပြုလုပ်ရာ၊ ရွှေကျီးနားကျေးရွာ နှင့် နမ့်ဖားကျေးရွာ များသည် ရပ်ကွက်များ ဖြစ်လာကြသည်။ ဗန်မော်တက္ကသိုလ်သစ်ကြီး သို့သွားရာ လမ်းမကြီးဘေး ဖြစ်သွားသည်။ ခေတ်မှီဖွံ့ဖြိုး တိုးတတ်လာသည့်အခါ ဂရမ်မြေ ဖော်ထုတ်မှု့ များရှိလာသည်။
ထိုအခါသေဆုံးသွားပြီးဖြစ်သော ဦးမန်ဂန်းဆန်(ခ)ဦးကျော်မြင့် ဇနီးဒေါ်မူရာစံတီ(အန္ဒိယသူ နိုင်ငံခြားသား) တို့၏သား ဘီတူ(ခ) ဦးကျော်ဝင်းဆိုသူသည် ၎င်းနှင့် မည်သို့မှ မတော်စပ်သော အိန္ဒိယ နိုင်ငံသားသေဆုံးသူ မကီရာမ်၏ မြေးတော်စပ်သည်ဟု အကြောင်းပြ၍ ဒေသဆိုင်ရာ အင်အားကြီးပါတီအဖွဲ့အစည်း၊ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၎င်းတစ်ဦးတည်း၏ အကျိုးအတွက် ပိုင်ဆိုင်မှု့ ရယူရောင်းချရန် စီစဉ်နေမှု့ကို မကျေနပ်၍ အထက်ပါ ကျေးရွာ နှစ်ရွာ မှ ရွာသူရွာသား(၂၈၀) ကျော် လက်မှတ်ထိုး၍  ထွေ/အုပ် ညွှန်ချုပ် ကချင်ပြည်နယ်အုပ်ချူပ်ရေးမှုး ၊ခရိုင် အုပ်ချူပ်ရေးမှုး ၊အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဆီတိုင်ကြားစာများ ပို့ထားကြောင်း သိရှိရသည်။
ဗန်မော်မြိုရှိ မြို့နယ် သ/မ ဦးစီးရုံးနေရာသည်ပင် ၎င်းတို့ပိုင်အဖြစ် လျှောက်ထားကြောင်း ထပ်မံသိရှိ ရသည်။ ကျေးရွာသူ/သား တို့၏ ဆန္ဒမှာ၎င်းမြေနေရာတွင် ရပ်ကွက်စာကြည့်တိုက်၊ အာကစားကွင်း၊ ရပ်ကွက်ဈေး မြေနေရာများ အသုံးပြုရန် လိုလားနေကြပါသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ်၏ ပြည်သူ့ အကျိုးလိုလားမှု့၊ ပြည်သူ တစ်ဦးချင်းစီ၏ အကျိုးစီးပွါးဖြစ်ထွန်းမှု့ကို အစိုးရက ဤအဖြစ်အပျက်အပေါ် ကိုင်တွယ် ဆုံးဖြတ်မှု့ကို ကြည့်ရှု့ သုံးသပ်ရန်ဖြစ်ကြောင်း ဒေသခံများက အခိုင်အမာဆိုနေကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...