ဧဒင်အချစ်ပုံပြင်: Pee Mak မင်းသားနှင့် မင်းသမီး ဆီးဂိမ်းလှုံဆော်ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်

Thursday 14 November 2013

Pee Mak မင်းသားနှင့် မင်းသမီး ဆီးဂိမ်းလှုံဆော်ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်

Photo: Pee Mak မင်းသားနှင့် မင်းသမီး ဆီးဂိမ်းလှုံဆော်ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်
Friday, November 15, 2013

Pee Mak  ထိုင်းသရဲဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် မင်းသား Mario Maurer  နှင့် မင်း သမီး  Davika Hoorne တို့သည် ဆီးဂိမ်းလှုံ့ဆော်ရေးအတွက် မြန် မာနိုင်ငံသို့ လာရောက်ဖျော်ဖြေ မည်ဖြစ်ကြောင်း သိရသည်။

Pee Mak  မင်းသားနှင့်မင်းသမီးတို့သည် လာမည့်ဒီဇင်ဘာ တွင် လာရောက်ကြမည်ဖြစ်ပြီး အ ရှေ့တောင်အာရှ သူရဲကောင်း များ တေးအယ်လ်ဘမ်အတွက်  Junction Square  အောက်ဒိုးဧ ရိယာတွင် လက်မှတ်ရေးထိုးပြီး သီချင်းသီဆိုမှုများ ပြုလုပ်သွား မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ AD-MA မှ ကိုဝေမင်းမောင်က ''သူ တို့ကလဲ မြန်မာနိုင်ငံကိုလာရောက် လေ့လာချင်တယ်ဆိုပြီး ပြော တယ်။ မြန်မာနိုင်ငံမှာ ဆီးဂိမ်း လုပ်တာကို ဘယ်လိုပုံစံတွေဆိုတာ ကို သူတို့ကိုပြောပြမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဇာတ်ကားရိုက် မယ်ဆိုတော့ သူတို့က မြန်မာနိုင်ငံ ကို လေ့လာချင်တာပါ။ ဘာပဲဖြစ် ဖြစ် ဝမ်းသာပါတယ်။ အခုလို မြန်မာကို တခြားပြည်ပက နာ မည်ကြီး မင်းသား၊ မင်းသမီးတွေ လာတာ မြန်မာနိုင်ငံအတွက် သိပ် ကောင်းပါတယ်''ဟု ပြောသည်။

ယင်းဇာတ်ကားထဲမှ မင်း သား Mario Maurer  သည် ဒီဇင် ဘာ၂ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ၃ ရက်နံနက်ပိုင်းတွင် မင်းသမီး  Davika Hoorne ရောက်ရှိမည်ဖြစ် ကြောင်း၊ နေ့လယ်ပိုင်းတွင် သရုပ် ဆောင် အဆိုတော်စိုင်းစိုင်းခမ်း လှိုင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အလင်္ကာ
Yangon Media Group 

မင်း သား Mario Maurer နှင့် မင်းသမီး Davika Hoorne

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...