ဧဒင်အချစ်ပုံပြင်: နေတိုးနဲ့ နှစ်ယောက်တွဲလုပ်ထားတဲ့ အခွေကြောင့် တစ်ကိုယ်တော်အခွေကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်တဲ့ ရိန်မိုး

Tuesday 10 December 2013

နေတိုးနဲ့ နှစ်ယောက်တွဲလုပ်ထားတဲ့ အခွေကြောင့် တစ်ကိုယ်တော်အခွေကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်တဲ့ ရိန်မိုး


Photo: နေတိုးနဲ့ နှစ်ယောက်တွဲလုပ်ထားတဲ့ အခွေကြောင့် တစ်ကိုယ်တော်အခွေကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်တဲ့ ရိန်မိုး
Tuesday, December 10, 2013

အဆိုတော် ရိန်မိုးကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အတူ နေတိုးနဲ့နှစ်ယောက်တွဲ ထုတ်မယ့် တေးစီးရီးအခွေအတွက် မေးကြည့်တဲ့အခါမှာတော့ ‘လတ်တလောမှာတော့ အစ်ကိုနဲ့  နေတိုး နှစ်ယောက်တွဲလုပ်ထားတဲ့ ဖန်ဆင်းရှင် တေးစီးရီးအခွေ ထွက်ဖို့ရှိပါတယ်။  နောက်ပြီး တစ်ခြားပွဲလေးတွေမှာ သီဆိုဖျော်ဖြေပေးဖို့ရှိပါတယ်။ ပြီးတော့ တိုင်းရင်းသားကရင် အခွေလေးလုပ်ဖို့တော့ ရှိပါတယ်။  အစ်ကိုရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး သီချင်းတွေ စုဆောင်းထားတာတော့ ရှိပါတယ်။ လောလောဆယ် အစ်ကို့ရဲ့ တစ်ကိုယ်တော် အခွေနဲ့ ဖန်ဆင်းရှင်အခွေ သွားတိုက်သွားမှာလည်းစိုးတယ်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိတော့ဘူးလေ။ အဲဒါကြောင့် တစ်ကိုယ်တော် အခွေကိုအကန့်အသတ်မရှိ နောက်ဆုတ်လိုက်တာပါ။’လို့ သူက ပြောပါတယ်။

ဖန်ဆင်းရှင်အခွေထဲမှာ ဇာတ်ဝင်တေးသီချင်းတွေကို နားဆင်ခံစားရမှာဖြစ်ပြီး ဒီအခွေထဲမှာပါမယ့် သီချင်းအမျိုးအစားတွေအကြောင်း သူက ခုလိုပြောပြသွားပါတယ်။ ‘ဖန်ဆင်းရှင် အခွေမှာ သီချင်း၁၄ ပုဒ်ပါမယ်။ ဇာတ်ဝင်တေးသီချင်း ၆ပုဒ်၊ ၇ပုဒ် လောက်ပဲပါ မှာဖြစ်ပြီးတော့ ကျန်တဲ့ သီချင်းလေး တွေကတော့ Owntuneလေးတွေပါ။ modern rock, rock, pop rock နဲ့ pop တေးသီချင်းချိုချို လေးတွေ ပါဝင်ပါတယ်။ ဖန်ဆင်းရှင် အခွေနဲ့ ပတ်သက်ပြီးအများကြီး မျှော်လင့်ထားပါတယ်။ အစ်ကိုတို့ နှစ်ယောက်စလုံးအတွက်လည်း အမှတ်တရဖြစ်တယ်။ ပရိသတ်ကိုလည်း သီချင်း ကောင်းကောင်းလေးတွေ ချပြချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ အကောင်းဆုံး ဖြစ်အောင်လို့အစ်ကိုနဲ့ နေတိုးနှစ်ယောက် တိုင်ပင်ပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဖန်ဆင်းရှင် အခွေပေါ်မှာအများကြီးမျှော်လင့်ထားပါတယ်။ နေတိုးနဲ့ အတူတူအလုပ်တွဲလုပ်ရတာလည်း အဆင်ပြေပါတယ်။ သူနဲ့က ညီအစ်ကိုလို၊ မိသားစုလို ဖြစ်နေပြီဆိုတော့ ပြောရဆိုရတာလည်း တအား အဆင်ပြေပါတယ်။ သူက တအားရိုင်းပင်းကူညီတတ်တယ်။ ဒီဖန်ဆင်းရှင် အခွေလေးပရိသတ် ရှေ့ချပြဖို့ ကြန့်ကြာနေတယ် ဆိုတာကလည်း နေတိုးကတော်တော်အလုပ်များတဲ့ သူတစ်ယောက် ဖြစ်တော့ အလုပ်တွေများတဲ့ကြားကဲအချိန်တွေပေး၊ သူလည်းတော်တော်  ကြိုးစားအားထုတ်ခဲ့ရ ပါတယ်’တဲ့။

ခုနောက်ပိုင်း ရိန်မိုးဟာ နေတိုးရဲ့ ဇာတ်ကားတွေမှာ ဇာတ်ဝင်သီချင်းတွေဆိုပေးရတဲ့အပြင် မင်းမော်ကွန်း၊ လူမင်း၊ နေမင်း၊ ဟိန်းဝေယံ နဲ့ နောက် တော်တော်များများရဲ့ ဇာတ်ဝင်သီချင်း တွေလည်း ဆိုဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmarအဆိုတော် ရိန်မိုးကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အတူ နေတိုးနဲ့နှစ်ယောက်တွဲ ထုတ်မယ့် တေးစီးရီးအခွေအတွက် မေးကြည့်တဲ့အခါမှာတော့ ‘လတ်တလောမှာတော့ အစ်ကိုနဲ့ နေတိုး နှစ်ယောက်တွဲလုပ်ထားတဲ့ ဖန်ဆင်းရှင် တေးစီးရီးအခွေ ထွက်ဖို့ရှိပါတယ်။ နောက်ပြီး တစ်ခြားပွဲလေးတွေမှာ သီဆိုဖျော်ဖြေပေးဖို့ရှိပါတယ်။ ပြီးတော့ တိုင်းရင်းသားကရင် အခွေလေးလုပ်ဖို့တော့ ရှိပါတယ်။ အစ်ကိုရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး သီချင်းတွေ စုဆောင်းထားတာတော့ ရှိပါတယ်။ လောလောဆယ် အစ်ကို့ရဲ့ တစ်ကိုယ်တော် အခွေနဲ့ ဖန်ဆင်းရှင်အခွေ သွားတိုက်သွားမှာလည်းစိုးတယ်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိတော့ဘူးလေ။ အဲဒါကြောင့် တစ်ကိုယ်တော် အခွေကိုအကန့်အသတ်မရှိ နောက်ဆုတ်လိုက်တာပါ။’လို့ သူက ပြောပါတယ်။

ဖန်ဆင်းရှင်အခွေထဲမှာ ဇာတ်ဝင်တေးသီချင်းတွေကို နားဆင်ခံစားရမှာဖြစ်ပြီး ဒီအခွေထဲမှာပါမယ့် သီချင်းအမျိုးအစားတွေအကြောင်း သူက ခုလိုပြောပြသွားပါတယ်။ ‘ဖန်ဆင်းရှင် အခွေမှာ သီချင်း၁၄ ပုဒ်ပါမယ်။ ဇာတ်ဝင်တေးသီချင်း ၆ပုဒ်၊ ၇ပုဒ် လောက်ပဲပါ မှာဖြစ်ပြီးတော့ ကျန်တဲ့ သီချင်းလေး တွေကတော့ Owntuneလေးတွေပါ။ modern rock, rock, pop rock နဲ့ pop တေးသီချင်းချိုချို လေးတွေ ပါဝင်ပါတယ်။ ဖန်ဆင်းရှင် အခွေနဲ့ ပတ်သက်ပြီးအများကြီး မျှော်လင့်ထားပါတယ်။ အစ်ကိုတို့ နှစ်ယောက်စလုံးအတွက်လည်း အမှတ်တရဖြစ်တယ်။ ပရိသတ်ကိုလည်း သီချင်း ကောင်းကောင်းလေးတွေ ချပြချင်တဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ အကောင်းဆုံး ဖြစ်အောင်လို့အစ်ကိုနဲ့ နေတိုးနှစ်ယောက် တိုင်ပင်ပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဖန်ဆင်းရှင် အခွေပေါ်မှာအများကြီးမျှော်လင့်ထားပါတယ်။ နေတိုးနဲ့ အတူတူအလုပ်တွဲလုပ်ရတာလည်း အဆင်ပြေပါတယ်။ သူနဲ့က ညီအစ်ကိုလို၊ မိသားစုလို ဖြစ်နေပြီဆိုတော့ ပြောရဆိုရတာလည်း တအား အဆင်ပြေပါတယ်။ သူက တအားရိုင်းပင်းကူညီတတ်တယ်။ ဒီဖန်ဆင်းရှင် အခွေလေးပရိသတ် ရှေ့ချပြဖို့ ကြန့်ကြာနေတယ် ဆိုတာကလည်း နေတိုးကတော်တော်အလုပ်များတဲ့ သူတစ်ယောက် ဖြစ်တော့ အလုပ်တွေများတဲ့ကြားကဲအချိန်တွေပေး၊ သူလည်းတော်တော် ကြိုးစားအားထုတ်ခဲ့ရ ပါတယ်’တဲ့။

ခုနောက်ပိုင်း ရိန်မိုးဟာ နေတိုးရဲ့ ဇာတ်ကားတွေမှာ ဇာတ်ဝင်သီချင်းတွေဆိုပေးရတဲ့အပြင် မင်းမော်ကွန်း၊ လူမင်း၊ နေမင်း၊ ဟိန်းဝေယံ နဲ့ နောက် တော်တော်များများရဲ့ ဇာတ်ဝင်သီချင်း တွေလည်း ဆိုဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...