ဧဒင်အချစ်ပုံပြင်: အားလုံးက အမိုက်စားတွေချည်းပဲ လုပ်လာတော့

Saturday 7 December 2013

အားလုံးက အမိုက်စားတွေချည်းပဲ လုပ်လာတော့

Photo: အားလုံးက အမိုက်စားတွေချည်းပဲ လုပ်လာတော့ 

မော်ဒယ်လ်၊ အဆိုတော် နန်းသူဇာက သူငယ်ချင်း နန်းမြတ်ဖြိုးသင်းနဲ့ နှစ်ယောက်တွဲပြီး Friend Audio CD ကို အောက်တိုဘာ ၆ ရက်နေ့က ပရိသတ်လက်ထဲကို ထည့်ပေးထားတာ ဖြစ်ပါတယ်။ 

နန်းသူဇာနဲ့ တန်ဆောင်မုန်း လပြည့်နေ့က မျှော်စင်ကျွန်းမှာ ပြုလုပ်တဲ့
Hip Hop ရှိုးပွဲမှာ တွေ့ဆုံခိုက်မှာတော့ ...

“အခွေ ရောင်းအားကတော့ ရန်ကုန်ရော၊ နယ်ရော အကုန်လုံးပေါင်းပြီး ၃၀၀၀ နီးပါး ရှိနေပါပြီ။ 
နန်းသူဇာ အနေနဲ့ မျှော်လင့်တာထက် အကောင်းဆုံးကို လိုချင်တာပါ” လို့ နန်းသူဇာက အခွေနဲ့ ပတ်သက်ပြီး ဆိုပါတယ်။ 

လက်ရှိမှာတော့ နန်းသူဇာက ရှိုးပွဲတွေမှာ သီချင်းဆိုရင်း နန်းမြတ်ဖြိုးသင်းနဲ့ နှစ်ယောက်ထွက်ထားတဲ့ Friend အခွေကို MTV ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။

“နန်းသူဇာတို့ အခုလက်ရှိကတော့ MTV မရိုက်ရသေးဘူး။ ဒါရိုက်တာတွေက Sea Game အတွက်ရော ပြီးတော့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်နေရတာတွေ ဖြစ်နေတော့ သူတို့နဲ့ အချိန်ညှိပြီးတော့ လုပ်ရမှာပေါ့။ 
သေသေချာချာလေးတော့ လုပ်ရမှာပေါ့။ MTV ကိုတော့ သင်္ကြန်မတိုင် ခင်တော့ ထွက်ချင်ပါတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်လေးလည်း ပြီးသွားအောင်လို့လေ။
နှစ်ယောက်လုံးကလည်း Single လေးလည်း ထပ်လုပ်မယ်ဆိုပြီး ရည်ရွယ်ထားတယ်။
အရမ်းကြာသွားရင် မကောင်းဘူးလေ။ ဒါပေမဲ့ အခုမရိုက်ရသေးဘူးဆိုောတ့ အခြေအနေ ကြည့်ရမှာပေါ့” လို့ နန်းသူဇာက အခွေ MTV နဲ့ ပတ်သက်ပြီး ဆိုပါတယ်။

MTV ထွက်လရင် ပရိသတ်အတွက် ဘယ်လိုမျိုး လက်ဆောင်လေးတွေ ထည့်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး “နန်းသူဇာတို့မှာက အခုဆိုရင် ၁၆ ပုဒ်တောင် ပါတယ်။ နှစ်ယောက်ပေါင်း ၁၆ ပုဒ် ဆိုတော့ တော်တော်များနေ ပြီလေ။ 
Bonus ဆိုတာထက်ကို ဇာတ်လမ်းလေး တပုဒ်ပေါ့နော်။ နန်းသူဇာတို့ နှစ်ယောက်ပေါင်းပြီး ဇာတ်လမ်းလေး တပုဒ်လုပ်ဖို့တော့ ရှိပါတယ်။ 
ဇာတ်လမ်းဆိုတာကလည်း သီချင်းလေး နှစ်ပုဒ်ကို ပေါင်းပြီး လုပ်ဖို့ပေါ့နော်။ 
ကျောင်းသီချင်းလေး နှစ်ပုဒ်ပေါ့နော်။ ကျောင်းသီချင်းလေး နှစ်ပုဒ်ပါတယ်။ အဲဒီသီချင်းလေး နှစ်ပုဒ်ပုဒ်ကို ဆက်ပြီး ဇာတ်လမ်းလေး တပုဒ်ရိုက်မှာပါ။ 
အဲဒါကိုတော့ ထူးထူးခြားခြား အနေနဲ့ တွေ့ရမှာပေါ့နော်။ အဲဒါကလည်း စိတ်ကူးပဲ ရှိသေးတာ။ ရိုက်တော့ မရိုက်ရသေးဘူး။ 
ဒါပေမဲ့ အခုနောက်ပိုင်း အားလုံးက အမိုက်စားတွေချည်းပဲ လုပ်လာတော့ ကိုယ့် MTV ကိုလည်း အားမနည်းအောင်တော့ ကြိုးစားရမှာပေါ့” လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး နန်းသူဇာက Single အခွေအတွက် သီချင်းတွေ အပ်ထားပြီးဖြစ်ကြောင်း၊ MTV အတွက်လည်း သေသေချာချာ ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောပြပါတယ်။

မေပြည့်စုံအောင်

မူရင်း - နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်

အလင်းတန်းရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။ 

Source: The Irrawaddy (Burmese Version)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...