ဧဒင်အချစ်ပုံပြင်: ကြောက်မက်ဖွယ် အကောင်းဆုံး ကြော်ငြာလား

Saturday 7 December 2013

ကြောက်မက်ဖွယ် အကောင်းဆုံး ကြော်ငြာလား

Photo: ကြောက်မက်ဖွယ် အကောင်းဆုံး ကြော်ငြာလား
Saturday, December 7, 2013

ကမ္ဘာတစ်ဝန်းရှိ အချို့သော စီးပွားရေးများ၏ ကြော်ငြာများကို ကြည့်လိုက်လျှင် သက်ဆိုင်ရာ သတိပေးချက်များစွာ ပါလာတတ်၏်။ “ကလေးသူငယ်များနှင့် မသင့်တော်ပါ”၊ “ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် မည်သည့်တိရစ္ဆာန်မှ ထိခိုက်နာကျင်ခြင်း မရှိပါ”၊ “ ဒါမျိုးကို အိမ်မှာ ပြန်မလုပ်ကြည့်ပါနဲ့” စသဖြင့် သတိပေး လေ့ရှိကြသည်။ 

ယခုအခါ ဂျပန်တာယာကုမ္ပဏီ Autoway က ကြေညာကမူ 
နှလုံးရောဂါသည်သာမက ထိတ်လန့်တက်သူများ မကြည့်ရန် ကျန်းမာရေး သတိပေးချက်များ တသီတသန်းကြီး ဖော်ပြကာ ကြော်ငြာခဲ့သည်။

Autoway မှ တာယာကြော်ငြာ The ring နှင့် The Grudge ကဲ့သို့သော ကမ္ဘာကျော် သရဲကားများကဲ့သို့ပင် အလွန်ထိတ်လန့်ဖွယ်ကောင်းနေသည့် အတွက် အခန့်မသင့်လျှင် နှလုံးရပ်သွားနိုင်လောက်၏်။ အချို့သူများက စီးပွားရေး ကြော်ငြာကို မှားယွင်းသောနည်းလမ်းဖြင့် လူစိတ်ဝင်စားအောင် လုပ်သည်ဟု ဆိုကြသော်လည်း You Tube တွင် ကြည့်ရှုသူ သုံးသန်းကျော် ရှိလာသည်ကို ကြည့်လျှင် အောင်မြင်မှု ရှိသော ကြေညာဟု ပင်ဆိုရလိမ့်မည်။

ကြော်ငြာ ဗီဒီယိုဖိုင် မပေါ်လာမီ သတိပေးထားချက်မှာ “ နှလုံးရောဂါသည်များနှင့် မသင့်တော်ပါ။ စိတ်ပိုင်း ၊ ရုပ်ပိုင်း ဆိုင်ရာ တစ်စုံတစ်ရာအတွက် ဆရာဝန်များနှင့် ပုံမှန်တွေ့နေရသူများ မကြည့်သင့်ပါ။ တစ်စုံတရာ ထိခိုက်နာကျင်ခြင်း၊ ဖျားနာခြင်း၊ စိတ်ထိခိုက်ခြင်းများ ဖြစ်လျှင် ကျွန်ုပ်တို့၏ တာဝန်မဟုတ်ပါ “ ဟူ၍ ရေးသားထားသည်။ 

ထိုသို့ သတိပေးချက် များစွာဖြင့် စတင်လိုက်သည့်အတွက်ယင်း
ကြော်ငြာကို မကြည့်ဘဲမနေနိုင်လောက်အောင် ဆွဲဆောင်သလို 
ဖြစ်နေတော့ သည်။

ထို့အတွက် Autoway အရောင်းဆိုင်တွင် ကြော်ငြာကြောင့် တာယာဝယ်ယူသူ မည်မျှတန်းစီနေကြမည်ကို မသိနိုင်သော်လည်း ယင်းကြေညာကို အမှောခန်းထဲတွင် နားကျပ်တပ်ကာ တစ်ကိုယ်တည်း ကြည့်ရှုရန်မှာမူ လူတိုင်း အတွက် မသင့်တော်ကြောင်း သတိပေးချင်ပါသည်။

Ref: TofI
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...