ဧဒင်အချစ်ပုံပြင်: ဗီလိန်ဇာတ်ရုပ်ကို ရိုက်ရတာပိုသဘောကျတယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်သဲနော်ဇာ

Sunday 15 December 2013

ဗီလိန်ဇာတ်ရုပ်ကို ရိုက်ရတာပိုသဘောကျတယ်လို့ဆိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်သဲနော်ဇာ

၂၀၁၀ခုနှစ်အတွက် အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခဲ့ပြီးတဲ့နောက်ပိုင်း ဇာတ်ကားပေါင်းများစွာရိုက် ကူးနေရပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် သဲနော်ဇာကို သူ့ရဲ့လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အတူ ဇာတ်ကားတွေရိုက်လာရတာနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တဲ့အခါမှာတော့
“ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်ပါတယ်။ ပြီးတော့ သမုဒယအနမ်းဆိုတဲ့ မြ၀တီရုပ်သံ ဇာတ်လမ်းတွဲရိုက်ထားတာ ရှိပါတယ်။ နောက်ပိုင်းမှာ ကာရိုက်တာနဲ့ ပတ်သက်ပြီးကိုယ့်အတွက် လည်း လုပ်ကွက်ရတယ်။ နေရာလည်းရမယ်ဆိုရင် တော့လက်ခံဖြစ် ပါတယ်။ အနုပညာကြေး ဆိုတာထက်
ကိုယ့်အတွက် အနုပညာလုပ်ကွက် ကျန်စေချင်တယ်။ ကိုယ့်ရဲ့စိတ် ထဲမှာလည်း အနုပညာနဲ့ ပတ်သက်လို့ စိတ်အပြည့်ရှိပါတယ်။ တကယ်လည်း  ကြိုးစားပြီးတော့လုပ်နေတာ ဖြစ်ပါတယ်။ ရှိုးပွဲတွေ သိပ်ပြီးမလျှောက် ဖြစ်တော့ပါဘူး။ Charity ပွဲနဲ့ ရန်ပုံငွေပွဲတို့မှာပဲ လျှောက်ပေးဖို့ အကူအညီလာတောင်းရင်တော့ လုပ်ပေးဖြစ်ပါတယ်။”လို့ သူမက ပြောပါတယ်။
ဗီဒီယိုဇာတ်ကားကမ်းလှမ်းမှု၊ သရုပ်ဆောင်မှုအပိုင်းတွေကိုတော့ သူမက “  ဗီဒီယိုကားတွေ ကျတော့  ကုမ္မဏီက ကမ်းလှမ်းတာများတယ်လေ။ ကိုယ့်ရဲ့အနုပညာကြေးနဲ့ကိုယ့်အတွက် အ၀တ်အစားပိုင်းတွေ ပြင်ဆင်ပြီး ဒါရိုက်တာကလည်း ဆင်းပေါ်ရောက်မှ ဒိုင်ယာလော့လ် ချပြီးတော့ သေသေချာချာသင်ပေးပါတယ်။ ဇာတ်လမ်းတွဲရိုက်တာကျတော့ ဇာတ်ကိုကြိုပေးထားတယ်။  ကြိုကျက်ရတယ်ပေါ့။ နောက်ပြီး သူတို့မှာစပွန်ဆာလိုတာပေါ့။ တစ်ချို့ စပွန်ဆာမရတဲ့ ဇာတ်လမ်းတွဲကျတော့ ဇာတ်ကားရဲ့ ကွာလတီလျော့ သွားတာပေါ့။ အခုချိန်မှာညီမအနေနဲ့ ဇာတ်ရုပ်မှန် သမျှအကုန် ရိုက်ကြည့်ချင်ပါသေးတယ်။ သမုဒယအနမ်းမှာ ဗီလိန်ဇာတ်ရုပ် အဖြစ် သရုပ်ဆောင်ထားတာပါ။ ညီမလေးက တည်တည်ငြိမ်ငြိမ် ဇာတ်ရုပ်မျိုးရိုက် ရတာထက်ဗီလိန် ဇာတ်ရုပ်မျိုးရိုက် ရတာကိုပိုကြိုက်တယ်’’တဲ့။
သရုပ်ဆောင်ကောင်း တစ်ယောက်သာမက အဆိုဘက်ကိုလည်း စိတ်ဝင်စားတယ်ဆိုလာတာကြောင့် မေးကြည့်တဲ့အခါမှာတော့ “ ညီမက သရုပ်ဆောင် မဖြစ်ခင်၊ မော်ဒယ်လ် စလုပ်ကတည်းကိုက အဆိုဘက်ကို လုပ်မယ် ဆိုတဲ့စိတ်ကူးခဲ့တာပေါ့။ အခုလည်းသီချင်းတွေ လုပ်ထားတာရှိပါတယ်။ နှစ်ပုဒ်လောက် ပဲသွင်းပြီးပါ သေးတယ်။ သီချင်းအမျိုးအစားကျတော့ ကိုယ်က ဟဲဗီးတွေလည်းမရဘူး။ Rap တွေလည်းမရဘူးဆိုတော့ ပေါ့ပ်သီချင်းပဲဆိုဖြစ်မှာပါ’’ လို့ သူမက ဖွင့်ဟသွားပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...