ဧဒင်အချစ်ပုံပြင်: ဘုန်းကြီးကျောင်း မီးခံသေတ္တာထဲက ငွေသိန်းချီခိုးတဲ့ သူခိုး ဖမ်းမိ

Monday 16 December 2013

ဘုန်းကြီးကျောင်း မီးခံသေတ္တာထဲက ငွေသိန်းချီခိုးတဲ့ သူခိုး ဖမ်းမိ



ရွှေပြည်သာမြို့နယ် သာဓုကန်ရွာဦးပရိယတ်္တိ စာသင်တိုက်မှ မီးခံသေတ္တာဖောက်ထွင်းခဲ့မှုတွင် ပြစ်မှုကျူး လွန်သူကို ဖော်ထုတ်လိုက်ပြီဟု ဒီဇင်ဘာ ၁၅ တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် သည်။

ဒီဇင်ဘာ ၈ ရက်က အဆိုပါ ကျောင်းထိုင်ဆရာတော်သည် ပုသိမ်မြို့သို့ တရားဟောသွားရောက်နေစဉ် အတွင်းဖြစ်ပွားခဲ့ပြီး မီးခံသေတ္တာအတွင်း ထည့်ထားသော ငွေကျပ် ၂၃ သိန်းနှင့် ခုတင်ပေါ်တွင်ထားရှိ သော ငွေကျပ်နှစ်သိန်းတို့ ပျောက်ဆုံးနေခဲ့ခြင်းကြောင့် ဒကာဖြစ်သူ ဦးသောင်းကြိုင်က တရားလိုပြုလုပ် တိုင်တန်းထားခဲ့သည်။

ယင်းအမှုတွင် သာဓုကန် စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်နေသူ တင်မျိုးထွန်းဆိုသူကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ခိုးယူခဲ့သည်ကို ၀န်ခံထွက်ဆိုခဲ့ပြီး တရားစွဲတင်ရန်ဆောင်ရွက်လျက်ရှိသည်။

By Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...