ဧဒင်အချစ်ပုံပြင်: မီးရထားထိုင်ခုံအောက်ဝင်ပြီး မိန်းကလေးတွေရဲ့ ခြေထောက်ကို လိုက်ပွတ်နေတဲ့ ယောင်္ကျားကို ဖုန်းနှင့် မှတ်တမ်းတင်နိုင်ခဲ့

Monday 16 December 2013

မီးရထားထိုင်ခုံအောက်ဝင်ပြီး မိန်းကလေးတွေရဲ့ ခြေထောက်ကို လိုက်ပွတ်နေတဲ့ ယောင်္ကျားကို ဖုန်းနှင့် မှတ်တမ်းတင်နိုင်ခဲ့



တရုတ်နိုင်ငံက မီးရထား တွေပေါ်မှာ အ မျိုးသမီးတွေကို လိုက်လံ နှောင်ယှက် သူကို ခရီး သည် တစ်ဦးက မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ကူးပြီး အင်တာနက်ပေါ် လွှင့်တင်မှု ပြုလုပ် ခဲ့ပါတယ်။ တရုတ် အမျိုးသား တစ်ဦးဖြစ်တဲ့ မစ္စတာ ဇောင်ဟိုဟာ ရထားစီးနင်း လိုက်ပါရင်း အမျိုးသမီးတွေကို လိုက်လံနှောင့် ယှက်သူကို မှတ်တမ်းတင် ရိုက်ကူး မှုပြုလုပ်ခဲ့ တာဖြစ်ပါ တယ်။ အမျိုးသား တစ်ဦးဟာ ရထားတွဲရဲ့ ထိုင်ခုံအောက်မှာ ပုန်းအောင်း လိုက်ပါ ရင်း အမျိုးသမီးတွေကို နှောင့်ယှက် မှုပြုလုပ်ခဲ့ ခြင်းဖြစ်ပါတယ်။ အဲဒီ အမျိုးသားဟာ ကုတ် အင်္ကျီအပြာ ကိုဝတ်ဆင်ထားပြီး မီးရထားပေါ် မှာ အမျိုးသမီး တွေကို အမြဲတမ်း နှောင့်ယှက် ခဲ့ပုံရတယ် လို့သုံးသပ်ခဲ့ကြ ပါတယ်။ ဒီအမျိုးသား ဟာ ခုံအောက်မှာ ထိုင်နေရင်း အမျိုးသမီးတွေ ရဲ့ခြေထောက်ကို ကိုင်တွယ် ခဲ့ပါတယ်။ အချို့ အမျိုးသမီးတွေ ကတော့ ဒီအမျိုးသားရဲ့ အပြု အမှုကို ဂရုမပြုမိ ပေမယ့် အချို့ကတော့ သိရှိ ပြီး တဲ့နောက်မှာ အဲဒီခုံပေါ်မှာ ဆက်လက် မထိုင်ဘဲ အခြားနေရာကို ပြောင်းရွှေ့သွား ခဲ့ပါတယ်။ အများပြည်သူ သွားလာရာ အဖြစ် အသုံးပြုတဲ့ မီးရထား ပေါ်မှာ အမျိုးသမီးတွေ ကို နှောင့်ယှက်နေ တဲ့ဒီတရုတ် အမျိုးသားရဲ့ အပြုအမှုကို အင်တာနက် သုံးစွဲသူတွေက ၀ိုင်းဝန်း ဝေဖန်ခဲ့ကြ ပါတယ်။
By Messenger

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...