ဧဒင်အချစ်ပုံပြင်: အတင်း အဓမ္မ ကလေး မွေးဖွားရန် စေခိုင်း ခံနေရသည့် မိခင်လောင်း ၁၆ ဦးကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့ ကယ်ဆယ်

Saturday 7 December 2013

အတင်း အဓမ္မ ကလေး မွေးဖွားရန် စေခိုင်း ခံနေရသည့် မိခင်လောင်း ၁၆ ဦးကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့ ကယ်ဆယ်

Photo: အတင်း အဓမ္မ ကလေး မွေးဖွားရန် စေခိုင်း ခံနေရသည့် မိခင်လောင်း ၁၆ ဦးကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့ ကယ်ဆယ်

Saturday, December 07, 2013

နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၄ ရက်က Owerri ဒေသရှိ နေအိမ် တစ်အိမ် အတွင်းသို့ စုံစမ်း ထောက်လှမ်းရေး အဖွဲ့၏ သတင်းပေးချက် အရ ဝင်ရောက်စီးနင်း ရှာဖွေ ခဲ့ရာမှ အတင်း အဓမ္မ ကိုယ်ဝန်ဆောင်ရန် စေခိုင်း ခံခဲ့ရသည့် အမျိုးသမီး ၁၆ ဦးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် ယင်းကိုယ်ဝန်ဆောင် အမျိုးသမီးငယ် များသည် အသက်၁၄ နှစ်မှ ၁၉ နှစ်ကြား မိန်းကလေး ငယ်များဖြစ်ပြီး ၎င်းတို့မှာ အကြောင်း အမျိုးမျိုးကြောင့် မိခင်လောင်း ဘဝကို ရောက်ရှိ နေသူများ ဖြစ်သည်။

အဆိုပါ မိန်းကလေးများ၏ မွေးဖွားလာမည့် ကလေးငယ် များကို လူမှောင်ခို ကုန်ကူးရန် ကြိုးပမ်းခဲ့သည့် အိမ်ရှင် အမျိုးသား ကိုလည်း လိုင်စင်မဲ့ ကိုင်ဆောင်ထားသော သေနတ် တစ်လက်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

ယခုကဲ့သို့ စေခိုင်းရသည့် အကြောင်းအရင်းမှာ ရိုးရာဓလေ့ တစ်ခုတွင် အသုံးပြုရန် အတွက်ဟု မိမိတို့ အနေဖြင့် ယူဆကြောင်း ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း Imo ပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဂွိုင်အီ လိုမိုကိုက ပြောကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...