ဧဒင်အချစ်ပုံပြင်: နယူးဇီလန်တွင် ဝေလငါးအများအပြား ကမ်းတင်သေဆုံး

Monday 6 January 2014

နယူးဇီလန်တွင် ဝေလငါးအများအပြား ကမ်းတင်သေဆုံး

Photo: နယူးဇီလန်တွင် ဝေလငါးအများအပြား ကမ်းတင်သေဆုံး
Monday, January 6, 2014

နယူးဇီလန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ ဝန်ထမ်းများသည် ဝေလငါးများကို ပင်လယ်ထဲ ပြန်လည် တွန်းလွှတ်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ပြင်းထန်သည့် ဒီလှိုင်းများနှင့် လေတိုက်နှုန်းတို့က လုပ်ငန်းများ အားလုံးကို ဟန့်တား နှောင့်ယှက်နေခဲ့သည်

နယူးဇီလန်နိုင်ငံ၊ ဆောက်သ်အန်းလိုင်း ဒေသတွင် တနင်္ဂနွေနေ့ ညပိုင်းက ဝေလငါး အများအပြား ကမ်းတင်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ယခုနွေရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် လမ်းပြဝေလငါး (၃၉)ကောင် အစုအပြုံလိုက် ကမ်းတင်၍ သေဆုံးခဲ့သည့်နောက် ဝေလငါး ချစ်သူများက ၎င်းတို့အား နှုတ်ဆက် သင်္ဂြိုဟ်ရန် စီစဉ်နေကြပြီ ဖြစ်သည်။ နယူးဇီလန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ ဝန်ထမ်းများသည် ဝေလငါးများကို ပင်လယ်ထဲ ပြန်လည် တွန်းလွှတ်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ပြင်းထန်သည့် ဒီလှိုင်းများနှင့် လေတိုက်နှုန်းတို့က လုပ်ငန်းများ အားလုံးကို ဟန့်တား နှောင့်ယှက်နေခဲ့သည်။ တနင်္လာနေ့ နံနက်ပိုင်းတွင်မူ ဝန်ထမ်းများသည် ဝေလငါးများထံသို့ ဝမ်းနည်းပက်လက် ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင် (၁၂)ကောင်မှာ သေဆုံးနေပြီ ဖြစ်သည်။

ကျန်သော ဝေလငါးများကိုလည်း မည်သည့်နည်းနှင့်မျှ ပင်လယ်ထဲသို့ ပြန်လည် ပို့ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် ဝမ်းနည်းစွာပင် ပစ်သတ်ခဲ့ရသည်။ သို့မှသာ ၎င်းတို့အနေဖြင့် အခံရခက်သော ဒုက္ခမှ လျင်မြန်စွာ ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။ "သူတို့ကို ဘယ်လိုမှ ကယ်လို့မရတော့ဘူး။ ကမ်းခြေကို တော်တော်ကြီး ဝေးတဲ့ထိ သူတို့က သောင်တင်နေတယ်။ ဒါက လှိုင်းကြမ်းလွန်းလို့လည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး သုံးခဲ့ပေမယ့် သူတို့ကို မကယ်နိုင်တော့ဘူး"ဟု ဂိုးလ်ဒင်းဘေး ဧရိယာ ထိန်းသိမ်းရေး တာဝန်ခံ ဂျွန်မေဆင်က စိတ်မကောင်းခြင်းကြီးစွာဖြင့် ပြောကြားခဲ့သည်။ လမ်းပြဝေလငါးများသည် နယူးဇီလန် အနီးတဝိုက် ပင်လယ်များတွင် ကျက်စားလေ့ရှိပြီး နိုဝင်ဘာလနှင့် မတ်လတို့ကြားတွင် လမ်းမှားရင်း ကမ်းတင်မှုမျိုး ကြုံရတတ်သည်။ အထူးသဖြင့် (၂၄)ကီလိုမီတာမျှ ရှည်လျားသည့် ဖဲဝဲလ်စပစ်တွင် ဝေလငါးများ ကမ်းတင်လေ့ရှိပြီး တစ်ခါတစ်ရံတွင် အောင်မြင်စွာဖြင့် ရေထဲတွန်းထုတ်ပေးနိုင်သည့်တိုင် နောက်တစ်ကြိမ် လာရောက် ကမ်းတင်မှုမျိုးပင် ဖြစ်လေ့ရှိကြောင်း သိရသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...