ဧဒင်အချစ်ပုံပြင်: |ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ပြောင်းကိုင်ပြီ|

Sunday 23 February 2014

|ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ပြောင်းကိုင်ပြီ|

Photo: |ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ပြောင်းကိုင်ပြီ|
Sunday, February 23, 2014

Mister University ပြိုင်ပွဲဝင် မော်ဒယ်လ် သရုပ်ဆောင်ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်းသေဆုံးမှု၌ အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီနှင့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့တို့မှပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ စီအိုင်ဒီမှ သီးသန့်လွှဲ ပြောင်းရယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်ဟိန်း(ခ)ကျော်ဇောဟိန်းသည် လွန်ခဲ့သောဇန်န၀ါရီ၂၁ ရက် တွင် မြို့တော်ဂေါက်ကွင်းဟိုတယ်အတွင်းရှိ ရေကူးကန်ထဲတွင် သေဆုံး
ခဲ့ခြင်းဖြစ်ကာမည်ကဲ့သို့ သေဆုံးခြင်းကို အမှုမှန်ပေါ်ပေါက်စေရန် ၀ိုင်းဝန်း
ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ စီအိုင်ဒီမှလွှဲပြောင်းယူလိုက်ခြင်း
ဖြစ်ကြောင်း စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုသည်။

' အင်းစိန်မြို့နယ် တရားရုံးကို တရားဝင်တင်ထားပြီး မှုခင်းဆရာဝန်ရဲ့
ဆေးစစ်ချက်တွေလည်း အကုန်လုံးထွက်နေပြီ။ ရုံးကို အကုန်ပေါင်း တင်ထားတယ်။ မတ်လ ၄ ရက်မှာ ရုံးချိန်းရှိတယ်။ အဲ့ဒီနေ့ကျမှပဲ တရားဝင်စကားတွေကို ထုတ်ပြောလို့ရမယ် ' ဟု စီအိုင်ဒီ
(စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းပြသည်။

Mister University ပြိုင်ပွဲဝင်ရန်အတွက် August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်း လေ့ကျင့်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ " စီအိုင်ဒီကလွှဲပြောင်းကိုင်လိုက်ပြီလို့ အကြောင်းကြားထားတယ် သူတို့ မတ်လ ၄ ရက်ကို ရုံးချိန်းလို့ ပြောပါတယ်။ ဆရာဝန်ဆေးစစ်ချက်ကိုတော့ အကြမ်းဖျင်းပြောထားပြီ။ အသေးစိတ်တော့ မသိရသေးဘူး။ ရုံးချိန်းနေ့မှ သိရမယ်ထင်တယ် " ဟု မော်ဒယ်လ် ကောင်းမြတ်ဟိန်း၏အစ်ကို ကိုအောင်ကိုကိုက ပြောပြသည်။

အဆိုပါအမှုကို စီအိုင်ဒီမှ လွှဲပြောင်းကိုင်လိုက်ကြောင်းကို August Myanmar ကုမ္ပဏီမှ မသိရှိသေးကြောင်း၊ ရုံးချိန်းရက်ကိုလည်း မသိရှိကြောင်း၊ အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်၍ အကြောင်းကြားခြင်းမရှိသေးကြောင်း August Myanmar ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Mister University ပြိုင်ပွဲဝင်ရန် ယောက်ျား လေး၁၈ ဦး၊ မိန်းကလေး ၁၈ ဦးတို့ကို မြို့တော် ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့်နေရာမှ ဇန်န၀ါရီ ၂၁ ရက်ညနေ ၅ နာရီ ခန့်တွင် ပြိုင်ပွဲဝင်များနှင့်အတူ ရေဆင်းကူးပြီး ၅ နာရီခွဲခန့်တွင် ရေကူး
နေသူအားလုံး ရေကူးကန်ထဲမှတက်သွားကြပြီးနောက် နေ့စဉ်ပြုလုပ်သည့် ညနေ ၆ နာရီအစည်းအဝေးသို့ ကောင်းမြတ်ဟိန်းမှာ တက်ရောက်ခြင်းမရှိဘဲ စတင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့ ည ၁၂ နာရီ ခန့်တွင်ဟိုတယ် လုံခြုံရေးဝန်ထမ်းက ၎င်း၏အလောင်းအား ရေကူးကန်အတွင်း ပြန်လည်
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ၎င်းသေဆုံးမှု အမှုမှန်
ပေါ်ပေါက်ရေး စီအိုင်ဒီမှ လွှဲပြောင်းကိုင်လိုက်ပြီး အင်းစိန်မြို့နယ်တရားရုံး သို့ရုံးတင်လိုက်ရာ မတ်လ ၄ ရက်၌ ရုံးချိန်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...