ဧဒင်အချစ်ပုံပြင်: |ဘုရားဆင်းတုတော် မျက်လွှာတော်ပွင့်ပြန် တောင်ဥက္ကလာ မာဃလမ်း၌ ဖူးမြော်သူများ|

Tuesday 4 February 2014

|ဘုရားဆင်းတုတော် မျက်လွှာတော်ပွင့်ပြန် တောင်ဥက္ကလာ မာဃလမ်း၌ ဖူးမြော်သူများ|

Photo: |ဘုရားဆင်းတုတော် မျက်လွှာတော်ပွင့်ပြန် တောင်ဥက္ကလာ မာဃလမ်း၌ ဖူးမြော်သူများ|
Tuesday, February 4, 2014

တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် မာဃ (၅) လမ်း အိမ်အမှတ် (၆၀၇) ၌ ကိုးကွယ်ထားသည့် နှီးဖြင့်ရက်လုပ်ထားသည့် ဆင်းတုတော်မှ
ဖေဖော်ဝါရီ ၃ ရက်က မျက်လွှာတော်ပွင့်ခြင်း၊ ပြုံးတော်မူခြင်းများ
ဖြစ်ပေါ်နေသည် ဟူသောသတင်းကြောင့် ဘုရားဖူးများ လာရောက် လျက်ရှိကြောင်း သိရသည်။ 

တောင်ဥက္ကလာပ (၁၂) ရပ်ကွက်၌ ယခုကဲ့သို့ မျက်လွှာတော်ပွင့်ခြင်းမျိုး
နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ်မှာ မိဂသီလမ်း အိမ်အမှတ် (၃၉၇) ရှိ ကြေးဆင်းတုတော်ဖြစ်သည်။ (စံတော်ချိန်-ဇန်န၀ါရီ-၂၈ )

နှီးဆင်းတုတော်မှ မျက်လွှာတော်ပွင့်လာခြင်း၊ ပြုံးတော်မူလာခြင်းနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သဒေါ်ခင်မြင့်က ' ကျွန်မတို့အိမ်မှာ ဒီဆင်း တုတော်ကို ကိုးကွယ်ထားတာ နှစ် ၃၀ လောက်ရှိပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက မျက်တောင်တော် ခတ်တာတွေ ဘာတွေ ရှိခဲ့ဖူးတယ်။ အခုကတော့ မျက်လွှာတော်ပွင့်တော်မူတာပေါ့နော်။ ကျွန်မကတော့ မျက်လွှာတော်ပွင့်တာထက် မျက်နှာတော်ပြုံးတော်မူ လာတာကို ပိုပြီးဝမ်းသာကြည်နူးနေမိပါတယ် ' ဟု စံတော်ချိန်သို့ ပြောဆို သည်။ 

အိမ်ပိုင်ရှင်အမျိုးသားမှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်သော
ကြောင့်နယ်လှည့်တာဝန်ထမ်းဆောင်ရာမှ နေရပ်မမှတ်မိတော့သော နယ်ရွာလေး တစ်ရွာမှ ဘုန်းတော်ကြီးတစ်ပါးက အဆိုပါ ဆင်းတုတော်ကို
ပြန်လည် စွန့်ကြဲခဲ့ခြင်းဖြစ်ကြောင်း၊ စတင်ရရှိစဉ်အချိန်က ဆင်းတုတော်မှာ အင်္ဂါစုံ ခြင်းမျိုးမရှိသဖြင့် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဘုရားလာဖူးသည့် အိမ်နီးနားချင်းဖြစ်သူ ဒေါ်စောသန်းက 'အရင်တုန်းက ဒီဆင်းတုတော်က မျက်လွှာတော်ကအပိတ်ပါ ။ အခုလိုမျိုးပွင့်မနေပါဘူး။ အခုက မျက်လွှာတော်ပွင့်လာတာတင်မကဘူး မျက်နှာတော်ကပါ ပြုံး လာတာ။ ဘုရားကိုဖူး လိုက်ရတာနဲ့တင် ရင်ထဲကိုချမ်းမြေ့သွားတာပဲ ' ဟု ပြောသည်။ 

အဆိုပါအိမ်၌ပင် ကိုးကွယ်ထားသည့် ကြေးဆင်းတုတော်လေးတွင် လွန်ခဲ့သည့် ခြောက်နှစ်ကစတင်ကာ ဆံတော်ပွင့်ခြင်းများရှိခဲ့ပြီး ယခုအချိန် အထိရှိနေကြောင်း၊ ယင်းသို့ဖြစ်ပေါ် နေခြင်းများကို လာရောက်ဖူးမြော်
သူများ မည်သည့် အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့် အလှူခံမည် မဟုတ်ကြောင်း အိမ်ရှင်ဖြစ်သူက ဆိုသည်။ 

မိဂသီလမ်း အိမ်အမှတ် (၃၉၇) ရှိ ကြေးဆင်းတုတော်သည် ဇန်န၀ါရီ ၂၆ ရက်က မျက်လွှာတော်ပွင့်ခြင်း၊ ပိတ်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားဖြစ်စဉ်ဟု ယူဆကာ ဘုရားအနေကဇာတင်ခြင်း ပြုလုပ်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...