ဧဒင်အချစ်ပုံပြင်: ရည်းစားဟောင်းရဲ့ ကျောပြင်မှာ မစင်ပုံ tattoo ဆွဲသူ တရားစွဲခံရ

Sunday 6 April 2014

ရည်းစားဟောင်းရဲ့ ကျောပြင်မှာ မစင်ပုံ tattoo ဆွဲသူ တရားစွဲခံရ


Myanmar Online News's photo.
ထူးထူးဆန်းဆန်း သတင်း တစ်ခုပါပဲ။ တက်တူးဆရာ Ryan Fitzgerald ဟာ တစ်နေ့မှာတော့ သူ့ကောင်မလေး အမြဲပူဆာနေတဲ့ Narnia ရုပ်ရှင်ထဲက အခန်းတစ်ခန်းမှာပါတဲ့ ခြင်္သေ့ရုပ်ကြီးကို ရေးဆွဲပေးဖို့ သဘောတူလိုက်ပါတယ်။

Narnia ရုပ်ရှင် cover ပုံတက်တူး မဆွဲပေးခင်မှာ သူမကို အရက်အနည်းငယ်တိုက်လိုက်ပါသေးတယ်။ ၎င်းနောက် တက်တူးဆွဲလိုကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်ထိုးပြီးနောက် သူမ မှောက်လျက်အနေအထားဖြင့် ရှိနေခဲ့ပြီး သူမရဲ့ ကျောပြင်မှာ ဘာပုံဆွဲနေတယ်ဆိုတာကိုတော့ တက်တူးမပြီးခင်အထိ မသိခဲ့ရပါဘူး။

တက်တူးဆွဲပြီးတဲ့အခါမှ ရွံရှာဖွယ်ရာ မစင်ပုံကြီး သူမကျောပြင်မှာတွေ့လိုက်ရတဲ့အခါ အလွန်ဒေါသထွက်ပြီး တရားစွဲခဲ့တာပါ။
တက်တူး ပညာရှင် ရိုင်ယန်ဟာ သူ့ရဲ့ရည်းစားဟာ ၎င်းအခင်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်နေတာကို သိလိုက်ရတဲ့အခါ Narnia ရုပ်ရှင်ထဲမှ ခြင်္သေ့ရုပ်ပုံဆွဲပေးမည်ဆိုပြီး မစင်ပုံကြီးဆွဲကာ လက်စားခြေလိုက်တာဖြစ်ပါတယ်။

ထိုလက်စားခြေမှုကြောင့် တရားရုံးမှာ ဒေါ်လာတစ်သိန်း ($100,000) ပေးလျော်ခဲ့ရပါတယ်။

Myanmar CNN

Myanmar Online News's photo.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...