ဧဒင်အချစ်ပုံပြင်: (5 photos)ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို လူကုန်ကူးတိုက်ဖျက်ရေးမှ ဝင်ရောက်စစ်ဆေး

Tuesday 17 June 2014

(5 photos)ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို လူကုန်ကူးတိုက်ဖျက်ရေးမှ ဝင်ရောက်စစ်ဆေး


သတင်းဘုရင်'s photo.ဇွန်လ ၁၅ ရက်၊ ညနေလေးနာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ
တစ်ခုကို အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့နှင့် ဒေသခံနယ်မြေထိန်းတို့က ဝင်ရောက်
စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

တိုက်ခန်း လေးလွှာတွင်ရှိသည့် အဆိုပါ LTPC ကုမ္ပဏီ၏ ရုံးခန်းအတွင်း ဝန်ထမ်းအမျိုးသမီးသုံးဦးနှင့် စင်ကာပူနိုင်ငံသို့
အိမ်အကူစေလွှတ်ရန် သင်တန်းလေ့ကျင့်ပေးနေသည့် အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိခဲ့ပြီး အသက် ၁၆နှစ်အရွယ်
တိုင်းရင်းသူနှစ်ဦးအပါအဝင် အသက်၁၈နှစ် မပြည့်သေးသည့် အမျိုးသမီးငယ် ၃ဦးပါ ပါဝင်ကြောင်း သိရှိရသည်။

၁၆နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို ကုမ္ပဏီက အသက်၂၄နှစ်ပြည့်ပြီဖြစ်ကြောင်း လက်မှတ်လိမ်လည်ထိုးစေခဲ့ကြောင်း
ယင်းကလေးငယ်နှစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

ယင်းအနက် ကလေးငယ်တစ်ဦးသည် စင်ကာပူနိုင်ငံသို့ သွားရောက်ရန်ရန် ပက်စ်ပို့ ရရှိထားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

“သမီးတို့နှစ်ယောက်က ဒီနှစ်ဆယ်တန်းကျလို့ စင်္ကာပူမှာ အလုပ်သွားလုပ်ဖို့ ဒီကိုရောက်လာတာပါ၊ သင်တန်းကြေးနဲ့ ကျန်တာ
တွေအတွက် ပိုက်ဆံမပေးရပါဘူး၊ ဟိုကိုရောက်တော့မှ လုပ်ခလစာထဲက ခြောက်လစာဖြတ်မယ်လို့ ကုမ္ပဏီကပြောပါတယ်”ဟု
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လယ်စောင်းကျေးရွာမှ ရောက်ရှိနေသည့် ၁၆နှစ်အရွယ် အမျိုးသမီးငယ်မှ ပြောပြခဲ့သည်။

၎င်းတို့အပါအဝင် ရှမ်းပြည်နယ် ညောင်ရွှေ အင်းလေးဒေသမှ ၉ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ၄ဦး၊ စုစုပေါင်း အမျိုးသမီးငယ်
၁၃ဦးသည် ကုမ္ပဏီတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဝင်ရောက် စစ်ဆေးခဲ့သည့် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝေလွင် က
“ကလေးနှစ်ယောက်ကိုတော့ အုပ်ထိန်းသူတွေဆီ ပြန်အပ်ပေးပါ့မယ်၊ လက်တလော ဘာပုဒ်မနဲ့ အရေးယူမယ်ဆိုတဲ့ အနေအထား
မရှိသေးပါဘူး၊ ဧရာဝတီတိုင်းနဲ့ ညောင်ရွှေဘက်က ရရှိတဲ့ အချက်အလက်တွေ၊ နောက်ပြီး လဝက ရုံးက အချက်အလက်တွေနဲ့
တိုက်ဆိုင်စစ်ဆေးသွားရဦးမှာပါ”ဟု ပြောသည်။

ကုမ္ပဏီရှိ ဝန်ထမ်းအမျိုးသမီးသုံးဦး၏ ပြောပြချက်အရ ၎င်းတို့သည် ကလေးများ၏ သင်တန်းဆရာမများသာ ဖြစ်ကြောင်း၊ မန်နေဂျင်း
ဒါရိုက်တာမှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေကြောင်း၊ ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးသာ ရန်ကုန်မြို့တွင်ရှိကြောင်း သိရသည်။

အဆိုပါ အမှုဆောင်ဒါရိုက်တာ ဆိုသူသည် ဝန်ထမ်းများနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သော်လည်း စစ်ဆေးမှုပြီးဆုံးသည့် ညဆယ်နာရီ
ချိန်အထိ ကုမ္ပဏီသို့ ရောက်ရှိလာခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကုမ္ပဏီသည် တရားဝင်လိုင်စင်ရ
ကုမ္ပဏီဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှု ဥပဒေနှင့် မညှိစွန်းကြောင်း၊ အကယ်၍ ညှိစွန်းခဲ့ပါကလည်း
လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ တရားလိုပြုလုပ်ကာ တိုင်ကြားလာမည်ဖြစ်ကြောင်း ဒုရဲအုပ် လင်းထွဋ် က
ပြန်လည်ဖြေကြားခဲ့သည်။

“စင်္ကာပူရောက်နေတဲ့ MD အမျိုးသမီးနဲ့ ဖုန်းဆက်သွယ်တော့ လွန်ခဲ့တဲ့နှစ်လလောက်က ပဲခူးတိုင်းဘက်က ကလေးနှစ်ယောက်ကို
ပို့လိုက်တာ နောက်ဆုံးအသုတ်ပါတဲ့၊ ဒီက ကလေးတွေပြောတော့ ပြီးခဲ့တဲ့ ဆယ်ရက်လောက်က ဧရာဝတီတိုင်းဘက်က ကလေးသုံး
ယောက်ကို ပို့ထားတယ်ပြောတယ်၊ ဒီကွဲလွဲချက်တွေကို စစ်ဆေးတဲ့သူတွေလည်းသိတယ်၊ ကျွန်မတို့ကတော့ ပြည်ထဲရေး
လက်အောက်က ဥပဒေဘက်တော်သားတွေ ဒီကိစ္စမှာ ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်နေမှာပါ”ဟု
၈၈ငြိမ်း/ပွင့်မှ အမျိုးသမီးရေးရာဌာန ဒုတာဝန်ခံ မမီးမီး က ပြောသည်။

The Myanma Age


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...