ဧဒင်အချစ်ပုံပြင်: ရဲအုပ်တစ်ဦးကို ဓားနှင့်ခုတ်ပြီး ထွက်ပြေးနေသူမှာ ဓားခုတ်မှုဖြင့် ထောင်ဒဏ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်

Tuesday 10 June 2014

ရဲအုပ်တစ်ဦးကို ဓားနှင့်ခုတ်ပြီး ထွက်ပြေးနေသူမှာ ဓားခုတ်မှုဖြင့် ထောင်ဒဏ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်


Photo: ရဲအုပ်တစ်ဦးကို ဓားနှင့်ခုတ်ပြီး ထွက်ပြေးနေသူမှာ ဓားခုတ်မှုဖြင့် ထောင်ဒဏ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်
Wednesday, June 11, 2014

မြောက်ဒဂုံမြို့နယ်တွင် စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူမှာ ၂၀၁၁ ခုနှစ်က ဓားခုတ်မှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံရပြီး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းအား ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွားသူကို အခင်းဖြစ်သည့်အချိန် ကတည်းကပင် တောက်လျှောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဖမ်းဆီးရမိရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

“ဓားနဲ့ခုတ်သွားတဲ့သူက အသက် ၄၀ အရွယ် ၀န်းကျင်ရှိပါတယ်။ မိန်းမသုံးဦးရှိတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ဓားခုတ်မှုနဲ့ပဲ ထောင်သုံးနှစ် ချမှတ်ခံရတဲ့သူ ဖြစ်တယ်။ ပြီးတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါတယ်။ အခု သူ့ကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ရဲလုပ်ငန်းတွေနဲ့အညီ အကောင်းဆုံး ဆောင်ရွက်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်အေးက ဇွန် ၁၀ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ပြီး ဓားခုတ်ခံရမှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“အခုတော့ ဒဏ်ရာက သက်သာပါတယ်။ ဒါပေမဲ့ ဆေးရုံက ဆင်းခွင့်မပေးသေးဘူး။ စောင့်ကြည့်နေပါသေးတယ်။ လက်နက်မပါတဲ့ ၀န်ထမ်းကို ဒီလိုမျိုး အနိုင်ကျင့်တာကတော့ မကောင်းပါဘူး” ဟု မြောက်ဥက္ကလာပဆေးရုံ ခွဲစိတ်(၃)၊ ခုတင်(၄)တွင် ဆေးကုသနေသူ ရဲအုပ်နေလင်းထွန်းက ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ဓားဖြင့်ခုတ်ပြီး ထွက်ပြေးနေသူမှာ ဦးပေါ်တက် အသက် (၄၀) ၀န်းကျင်ဖြစ်ပြီး မကြာမီက ထောင်မှလွတ်လာသူဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇွန် ၉ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲအုပ် ဓားခုတ်ခံခဲ့ရသည့်နေရာသို့ လာရောက်စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
Eleven Media Groupမြောက်ဒဂုံမြို့နယ်တွင် စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူမှာ ၂၀၁၁ ခုနှစ်က ဓားခုတ်မှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံရပြီး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းအား ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွားသူကို အခင်းဖြစ်သည့်အချိန် ကတည်းကပင် တောက်လျှောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဖမ်းဆီးရမိရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

“ဓားနဲ့ခုတ်သွားတဲ့သူက အသက် ၄၀ အရွယ် ၀န်းကျင်ရှိပါတယ်။ မိန်းမသုံးဦးရှိတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ဓားခုတ်မှုနဲ့ပဲ ထောင်သုံးနှစ် ချမှတ်ခံရတဲ့သူ ဖြစ်တယ်။ ပြီးတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါတယ်။ အခု သူ့ကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ရဲလုပ်ငန်းတွေနဲ့အညီ အကောင်းဆုံး ဆောင်ရွက်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်အေးက ဇွန် ၁၀ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ပြီး ဓားခုတ်ခံရမှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“အခုတော့ ဒဏ်ရာက သက်သာပါတယ်။ ဒါပေမဲ့ ဆေးရုံက ဆင်းခွင့်မပေးသေးဘူး။ စောင့်ကြည့်နေပါသေးတယ်။ လက်နက်မပါတဲ့ ၀န်ထမ်းကို ဒီလိုမျိုး အနိုင်ကျင့်တာကတော့ မကောင်းပါဘူး” ဟု မြောက်ဥက္ကလာပဆေးရုံ ခွဲစိတ်(၃)၊ ခုတင်(၄)တွင် ဆေးကုသနေသူ ရဲအုပ်နေလင်းထွန်းက ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ဓားဖြင့်ခုတ်ပြီး ထွက်ပြေးနေသူမှာ ဦးပေါ်တက် အသက် (၄၀) ၀န်းကျင်ဖြစ်ပြီး မကြာမီက ထောင်မှလွတ်လာသူဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇွန် ၉ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲအုပ် ဓားခုတ်ခံခဲ့ရသည့်နေရာသို့ လာရောက်စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...