ဧဒင်အချစ်ပုံပြင်: မန်းရှိပြည်တော်အေးကမ္ဘာ့ဒုက္ကရစရိယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေးစေ့တော်တွင် ပျားများလာရောက်စွဲကပ်

Monday 16 June 2014

မန်းရှိပြည်တော်အေးကမ္ဘာ့ဒုက္ကရစရိယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေးစေ့တော်တွင် ပျားများလာရောက်စွဲကပ်

Photo: မန်းရှိပြည်တော်အေးကမ္ဘာ့ဒုက္ကရစရိယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏
မေးစေ့တော်တွင် ပျားများလာရောက်စွဲကပ်
Monday, June 16, 2014

မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်လမ်း ၃ဝနှင့် ၆၂လမ်းထောင့်ရှိ မက္ခရာကျောင်းတိုက်အတွင်း တည် ထားကိုးကွယ်လျက်ရှိသော ပြည် တော်အေး ကမ္ဘာ့ဒုက္ကရစရိယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ မေးစေ့ တော်တွင် ယမန်နေ့ ညနေ ၃ နာရီ ခွဲမှစ၍ ပျားများစွဲကပ်လျက်ရှိကာ ဘုရားဖူးများဖြင့် စည်ကားနေ ကြောင်း သိရသည်။

''၁၄ ရက် ညနေ ၃ နာရီခွဲ လောက်ကနေစပြီး ဒီရုပ်ပွားတော် ရဲ့မေးစေ့တော်မှာ ပျားတွေစွဲကပ် ပူဇော်လာတယ်။ နောက် သုံးနာရီ လောက်ကြာတော့ပျားတွေတဖြည်း ဖြည်းနဲ့များလာတာပဲ၊ အရှည်က လေးပေကျော်မယ်၊ အကျယ်က သုံးပေလောက်ရှိတယ်ဗျ။ အရင် ဧပြီလ သင်္ကြန်မတိုင်မီကလည်း ဒီရုပ်ပွားတော်ရဲ့ ဘယ်ဘက်ရင် ဘတ်တော်မှာ ရောင်ခြည်တော် ကွန့်မြူးတယ်။ သုံးမိနစ်ကျော်ကျော် လောက်ကြာမယ်ဗျ။ အများပြည် သူတွေလဲ ဖူးမြော်လိုက်ရတယ်'' ဟု အလှူရှင် ဘုရားဒါယကာ သံဝေဇနိယလေးဌာနပြန်ပြည်တော် အေးဦးလှဝင်းက ပြောကြားသည်။
''ကျွန်တော့် သက်တမ်း တစ်လျှောက် မန္တလေးမှာ ဒါမျိုး ဖြစ်တာပထမဆုံးပဲလို့ ထင်တယ် ဗျ။ ဒုက္ကရစရိယကျင့်တဲ့ ရုပ်ပွား တော်တွေထဲမှာ ဒီရုပ်ပွားတော်က ကမ္ဘာမှာအကြီးဆုံးပဲ။ ကျွန်တော် ပထမဆုံးတည်တဲ့ဘုရားလဲ ဖြစ် တယ်ဗျ။ နောက် ဒီလိုမေးစေ့တော် မှာပျားတွေစွဲကပ်ပြီး ပူဇော်တာဆို တော့ ဒါတိုင်းပြည်မှာ အစားအစာြ<ွကယ်ဝပြီးစည်ပင်မယ်လို့ အတိတ် ကောင်းပြတယ် ထင်တာပါပဲ''ဟု ၄င်း၏ထင်မြင်ချက်ကို ဆက်လက် ပြောကြားသည်။

အဆိုပါပြည်တော်အေးကမ္ဘာ့ ဒုက္ကရစရိယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကိုဘုရားဒါယကာသံဝေဇနိယ လေးဌာနပြန် ပြည်တော်အေး ဦးလှဝင်း-ဘုရားဒါယိကာမ သံဝေ ဇနိယလေးဌာနပြန် ပြည်တော်အေး
ဒေါ်ပြုံးကြည်တို့က နောင်လာ နောက်သားများ မြတ်ဗုဒ္ဓအား ဖူးမြော်ကြည်ညိုပြီး ကျင့်ကြံပွားများ နိုင်ကြရန်ရည်ရွယ်ပြီး ၂ဝ၁ဝပြည့်နှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ ရာ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ထားကိုးကွယ်နိုင် ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး၏ Óဏ်တော်မှာ ၅၅ပေကျော်ရှိပြီး ပလ္လင်တော်မှာ ၁၅ပေရှိကာ စုစု ပေါင်းအမြင့်ပေ ၇ဝကျော်ရှိကြောင်း သိရသည်။

ပြည်တော်အေး ကမ္ဘာ့ဒုက္ကရ စရိယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယခင်ကဘုရားဖူးဧည့်သည် နေ့စဉ် ၄ဝဝ ခန့်သာ လာရောက်ဖူးမြော် ခဲ့ပြီး ယခုအခါ ဘုရားဖူးများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိ ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...