ဧဒင်အချစ်ပုံပြင်: သရုပ်ဆောင်ရဲတိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုဝင်မည်

Wednesday 29 February 2012

သရုပ်ဆောင်ရဲတိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုဝင်မည်



သရုပ်ဆောင်ရဲတိုက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အနုပညာရှင်များတွင်လည်း တာဝန်ရှိသည်ဟူသည့် စကားအပေါ် အဆိုပါ တာဝန်ကို ကျေချင်ကြောင်း ၊ တာဝန်ယူလိုစိတ်ရှိကြောင်း၊ ပါတီမဝင်ဘဲ အားပေးခြင်းထက် ပါတီဝင်ပြီး အားပေးခြင်းက ပို၍ကောင်းမည်ဟု ယူဆသည့်အတွက် ပါတီဝင်ခြင်းဖြစ်ကြောင်း ရဲတိုက်က ပြောသည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့်
ပတ်သက်၍ တတ်နိုင်သည့်ဘက်၊ တတ်နိုင်သည့်နေရာမှ ကူညီသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ခရီးတို့တွင် အနုပညာရှင်များ လိုက်သင့်ကြောင်း၊ လိုက်ပါရန်ခေါ်ပါကလည်း မိမိအနေဖြင့် လိုက်ပါရန် အသင့်ရှိကြောင်းပြောသည်။ နိုင်ငံရေးကို စိတ်ဝင်စားခြင်းနှင့်ေ ဒ်ါအောင်ဆန်းစုကြည်၏ ဦးဆောင်မှုကြောင့် ပါတီဝင်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်များကို မိမိအနေဖြင့် ဝမ်းသာကြောင်း၊ ကျေနပ်ကြောင်း၊ အားတက်ကြောင်း၊ ယင်းကပြောကြားသည်။ ပါတီဝင်ခြင်းကြောင့် မိမိ၏ အနုပညာကို မထိခိုက်ပါကြောင်း၊ မိမိအနေနှင့် ပရဟိတကို လုပ်စဉ်ကလည်း ရောထွေးမှုမရှိခဲ့သည့် အတွက်အချိန်ပိုင်းခြား လုပ်နိုင်မည်ဟု ယုံကြည်ကြောင်းပြောသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...