ဧဒင်အချစ်ပုံပြင်: ခေါင်းမပါပဲ 18လ အသက်ရှင်ခဲ့တဲ့ထူးဆန်းတဲ့ကြက်လေးတစ်ကောင်

Thursday 1 March 2012

ခေါင်းမပါပဲ 18လ အသက်ရှင်ခဲ့တဲ့ထူးဆန်းတဲ့ကြက်လေးတစ်ကောင်

1945 ခုနှစ်လောက်က အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် Fruita ရှိလယ်သမားတစ်ဦး၏ အိမ်တွင် ယာလုပ်ငန်းများ နည်းတူ ကြက်အချို့ ကိုလဲ မွေးမြုထားပါတယ်..။ ထိုနေ့ က စက်တင်ဘာ10 ရက်နေ့ ပေါ့ 1945 ခုနှစ်လေ ထိုနေ့ ညက လယ်သမားမိသားစုဟာ ကြက်သား ဟင်းချတ်စားမယ်ဆိုပြီး ခြံထဲက ကြက်တစ်ကောင်ကို ဖမ်းယူလာခဲံပြီးထိုကြက်ကတော့ Llond Olsen ဆိုတဲ့ကြက်ကလေးကိုပါပဲထိုကြက်ကလေးကို ဖမ်းယူလာခဲ့ပြီး ညစာအတွက် သတ်ရ်ျ ချတ်ပြုတ်စားသောက်ရန်ဖြစ်ပါသည်။ ထိုကြက်ကလေးကို စဉ်းတုန်းးပေါ်တင်ကာ လည်ပင်းကိုဖြတ်လိုက်ပါတယ် ။ ဒါပေမယ့် ရုတ်တရက် လယ်သမားကြီးလည်းကြောင်သွားပါတယ် ကြက်က လည်ပင်းဖြတ်လိုက်ပြီးအောက်ချလိုက်တာကို လှဲ
မနေပဲခြေထောက်ကလှုပ်လာပြီးလမ်းလျှောက်နေတာကိုမြင်ရတော့ လယ်သမားကြီးလည်း ဖြတ်ထားတဲ့ခေါင်းနဲ့ ဓါးကိုပစ်ချပြီး ဝေးဝေးကနေပဲထိုကြက်ကို ကြည့်နေပါတော့တယ်။ ထိုကြက်ကလေးက ခေါင်းမရှီတော့ပေမယ့် ဆက်လက်ပြီးလမ်းလျှောက်နေပါတော့တယ်။ သို့ ပေမယ့် မျက်လုံးမပါတော့ဘူးဆိုတော့ မမြင်ရတော့ပဲ မမြင်မစမ်းနဲ့ သွားနေရပါတယ်။ ထိုကြက်ကလေးက ဆက်လက်အသက်ရှည်ဖို့ လည်ပင်းကကျန်တဲ့ လေပြွန်လေးနဲ့ ဆက်လက်အသက်ရှုနေရပါတယ်တဲ့ဗျာ။ကြက်၏အရောင်အသွေးဟာအဖြူရောင် ဆွတ်တဲ့အရောင်ဖြစ်ပြီးတော့ အနည်းငယ်ကြမ်းကြုတ်ပါတယ် အခြားကြက်များနှင့်မတူသောအချက်များဖြစ်ပါသည်.။ ကြက်ကလေးအတွက် ဆက်လက်အသက်ရှင်ဖို့ ကိုတော့ နွားနို့ နဲ့ ရေကို အမြဲ စို့ လေးနဲ့ သူရဲ့အစာပြွန်ထဲကိုထည့်ပေးပါတယ်လို့ လယ်သမားကြီးကပြောပါတယ် လယ်သမားကြီးလည်းထိုကြက်ကလေး ဆက်လက်အသက်ရှင်တာကို အထူးအဆန်းဖြစ်ကာ ၀မ်းသာနေပါတယ် ထိုကြက်ကလေးကတော့ကံကောင်းစွာံပင် 18 လသာအသက်ဆက်လက်ရှင်ခဲ့ပါတယ် ထိုလပြည့်တဲ့နေ့ မှာပင်သေဆုံးသွားခဲ့ပါတော့တယ်ကြက်ကလေးသေဆုံးသွားသောအခါတွင် ၄င်းရဲ့ခေါင်းကလေးနှင့်တွဲကာ မြှတ်နှံပေးခဲ့ပါတယ်ခင်ဗျာ..။ထိုကြက်ကလေးအဖြစ်ကတော့အခုထိ ထိုနယ်တစ်ဝိုက်တွင် ပြန်ပြောတိုင်းမယုံကြည်နိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် အဖြစ်တည်ရှီနေပါတယ်။ ထိုကြက်ကလေးအကြောင်းကို အမှတ်တရဖြစ်ပြီး နောင်လာနောင်သားများ အမှတ်တရဖြစ်စေရန် ဓါတ်ပုံများ၇ိုက်ကာ မှတ်တန်းတင်ထားခဲ့ပါတယ်တဲ့။ အခုတော့ကျွှန်တော်တို့ လဲမြင်တွေ့ ရပြီဖြစ်ပါတယ် အားလုံးကြည့်ရှုလိုက်ပါဦးးနော်..။
ကြက်ကလေးကို ချတ်ပြုတ်ဖို့ ခေါင်းဖြတ်ထားတဲ့စဉ်းတုန်းပေါ်တွင် ၄င်းရဲ့ခေါင်းကလေးနှင့်အတူ
ကြက်ကလေးးကို အစာအရည်နှင့် နွားနို့ ရေတို့ ကိုဆက်လက်အသက်ရှင်ရန်အတွက် တိုက်ကျွေးပေးနေစဉ်
ကြက်ပိုင်ရှင်လယ်သမားကြီးအား ၄င်းရဲ့ကြက်ကလေးနှင့်အတူတွေ့ ရစဉ်ဖြစ်ပါသည်

နေရောင်ထဲတွင်မြင်တွေ့ ရသည့် ၄င်း၏အရောင်အဆင်း အဖြူရောင် အဆင်းရှိသည်ကိုမြင်ရပါသည်
အခြားကြက်များကြားတွင် မမြင်သော်လည်း စမ်းကာလျှောက်နေရသည့် သနားစရာကြက်ကလေးဘဝ

Ahlinkabar မှမသဇင်ထွန်းရှိမှကူးယူတင်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...