ဧဒင်အချစ်ပုံပြင်: ဖူးစာရှင်က ဘယ်လို ပုံစံပဲဖြစ်နေ ပါစေ လက်ခံပေး မှာပါ မိုးယုစံ

Monday 5 March 2012

ဖူးစာရှင်က ဘယ်လို ပုံစံပဲဖြစ်နေ ပါစေ လက်ခံပေး မှာပါ မိုးယုစံ


ဖူးစာရှင်က ဘယ်လို ပုံစံပဲဖြစ်နေ ပါစေ လက်ခံပေး မှာပါ မိုးယုစံ“အချစ်မြို့ကို သိမ်းပိုက်မယ်” ဇာတ်ကား ရိုက်ကွင်း ပေါ်မှာ တွေ့ရတဲ့ မိုးယုစံ က ဒီဇာတ်ကား မှာ ရုပ်ဆိုးတဲ့ ကောင်လေးကို တကယ် မကြိုက်ဘဲ ဟန်ဆောင်ပြီး တွဲရ မှာဖြစ်ပြီး နောက်ပိုင်း မှာ တကယ် သံယောဇဉ် ရှိသွားပေမယ့် ကောင်လေးက ဟန်ဆောင်တာ သိသွားတဲ့ အတွက် နောက်ဆုံး မပေါင်းလိုက်ရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ မိုးယုစံက အပြင်မှာ ကိုယ် တကယ်ချစ်တဲ့ လူသာဆိုရင် စိတ်ကအဓိကပဲဖြစ်ပြီး ဖူးစာပါ လာရင်တော့ မယူချင်ဘူးလို့ ငြင်း လို့ရမှာ မဟုတ်ဘဲ ဖူးစာရှင်က ဘယ်လိုပုံစံ ပဲဖြစ်ဖြစ် လက်ခံပေးမှာပါ လို့ ပြောပါတယ်။ မိုးယုစံက သင်္ကြန် အစီအစဉ်ကို အတိအကျ မပြောနိုင်သေးကြောင်း ပြောပါတယ်။ သင်္ကြန်ဆို ရင် သီချင်းဆိုတတ်ပြီး သင်္ကြန်မတိုင်ခင် ကတည်းက ဆိုမယ့်သီချင်းတွေကို တိုက်ထားကြောင်း ပြောပါတယ်။ သင်္ကြန်မှာ သီချင်းဆိုရတဲ့ ဖီလင်ကို ပြောတဲ့ မိုးယုစံက…

”စင်ပေါ်မှာ အောက်က ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ ပြီးဆိုရတာ တအားပျော်ဖို့ ကောင်းတယ်။ နယ်မှာလည်းသီချင်း သွားဆိုဖြစ်တယ်။ တစ်နှစ်တစ်ခါတော့ နယ်မှာ သွားဆိုဖြစ်ပါတယ်။ သင်္ကြန်ကို ၂နှစ်ပဲကြုံဖူးသေးတယ်။ တစ်နှစ်က ရန်ကုန်မှာ၊ နောက် တစ်နှစ်က မန္တလေးမှာ၊ ဒီနှစ် တော့ နေပြည်တော်သွားဖို့ များတယ်။ ပရိသတ်တွေက အား ပေးတော့ သင်္ကြန်မှာ သီချင်း ဆိုရတာ ပျော်ဖို့ကောင်းပါတယ်”လို့ ပြောပါတယ်။ ကိုယ်ဆိုတဲ့ အသံကို ပရိသတ်တွေနားထဲမှာ အဆင်မပြေမှာ စိုးတဲ့ မိုးယုစံက တကယ့် အဆိုတော် တွေလိုမဆိုတတ် သေးပေမယ့် ပရိသတ် တွေနားထဲမှာ အဆင် ပြေသွားဖို့ပဲ မျှော်လင့် ကြောင်းပြောပါတယ်။ အရင်က သင်္ကြန်သီချင်း တစ်ပုဒ်ကို အုပ်စုအခွေမှာ သီဆိုထားပြီး ဒီနှစ်တော့ သီချင်းခွေထဲမှာ ဆိုဖို့ မရှိကြောင်း ကိုယ်ပိုင်သီချင်း အနေနဲ့ သင်္ကြန်သီချင်း တစ်ပုဒ်ရယ်၊ မထွက်ရသေးတဲ့ အုပ်စုခွေတစ်ခွေမှာ တေးရေး စိုးလင်းရေးပေးထားတဲ့ “တစ်ဦးတည်းသောချစ်သူ” ဆိုတဲ့ သီချင်းတစ်ပုဒ် ရယ်ရှိကြောင်း ပြောပါတယ်။ ဒီသီချင်းကို ဆိုထားတာ ၂နှစ်လောက်ရှိပြီဖြစ်ပြီး အဆွေး သီချင်း လေးဖြစ်ကြောင်း သိရပါတယ်။ သီချင်းက ချစ်သူရဲ့ လက်ကိုကိုင်ပြီး အရာရာရင်ဆိုင်ဖို့နဲ့ ဝေးဖို့မဖြစ်နိုင် ဘူးဆိုတဲ့ အဓိပ္ပာယ် လေးဖြစ်ကြောင်း ပြောပါတယ်။ ၂ဝ၁၂ထဲမှာ နှင်းဆီအငြိမ့်အဖွဲ့နဲ့ စင်ကာပူ၊ ဘန် ကောက်၊ ဥရောပ ၅နိုင်ငံတွေ သွားဖို့ အစီအစဉ် ရှိတဲ့ မိုးယုစံက စက်တင်ဘာလ မှာလည်း နှင်းဆီ အဖွဲ့နဲ့ ကိုရီးယား သွားဦးမှာဖြစ်ကြောင်း သိရပါတယ်။
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...