မတ်လကုန်တွင်စင်ကာပူ၌ နှင်းဆီအဖွဲ့နှင့် အငြိမ့်သွားကရင်း ဘန်ကောက်သို့
အလည်ဝင်မည်ဟု မိုးယုစံက ပြောသည်။ ၄င်း အနေဖြင့် ဇာတ်ကားများ ဆက်တိုက်
ရိုက်ကူးနေသော်လည်း ဇာတ်ကား အထွက်ကျဲနေခြင်းမှာ ထုတ်လုပ်ရေးနှင့်
သာဆိုင်ကြောင်း ၄င်းကဆိုသည်။ ”မိုးယုက တစ်လကို လေးကားလောက် ပုံမှန်လက်ခံ
ပါတယ်။ ဇာတ်ကားအထွက်ကျဲတာတော့ ထုတ်လုပ်ရေးတွေနဲ့ ဆိုင်ပါတယ်။
တချို့ထုတ်လုပ်ရေးတွေက ချက်ချင်း မထုတ်တာတွေရှိတယ်။ တ
ချို့
ထုတ်လုပ်ရေးကျတော့ ရိုက်ပြီးတာနဲ့ သုံးလေးလကြာရင် ထုတ်တယ်လေ။
မထုတ်ဘူးဆိုတာကလည်း ဘာဖြစ်လို့လဲတော့ မိုးယု မသိဘူး။ အဓိကက ပရိုဂျူဆာတွေ၊
မင်းသားတွေ၊ ဒါရိုက်တာ တွေနဲ့ပဲ ဆိုင်ပါတယ်။ အားလုံး သက်ရောက်မှုက
မင်းသမီးတွေနဲ့ မဆိုင်ပါဘူး”ဟု ၄င်းက ထပ်လောင်း
ဆိုသည်။ ”စင်ကာပူမှာအငြိမ့်ကပြီး ဘန်ကောက်ကို ခဏဝင် ကြမယ်။ ဇူလိုင် လမှာ
ဥရောပ ငါးနိုင်ငံဖျော်ဖြေပြီးရင် ကိုရီးယားကိုလည်း သွားဖျော်ဖြေ ရဦးမယ်။
ဒီတစ်နှစ်လုံးတော့ နှင်းဆီအဖွဲ့နဲ့အတူ ပြည်ပဖျော်ဖြေရေး ခရီးစဉ်တွေ များနေ
တယ်။ ဒီကို ဧပြီ ၄၊ ၅ ရက်လောက် ပြန်ရောက်မယ် သိပ်မကြာဘူး”ဟု ၄င်းက ပြောသည်။
ယခုနှစ် သင်္ကြန်တွင်မူ ဖျော်ဖြေ ရန်နှင့် အနားယူရန် ဘာမှ မစဉ်းစား ရသေး
ကြောင်း ၄င်းက ဆက်လက် ပြောသည်။
ဝဿန်
No comments:
Post a Comment