တွံတေးမြို့နယ် ရွှေသူဌေးတာ
စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့်
လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့်
ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးရာ
တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၁၀
ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ်
တွံတေးမြို့နယ် ရွှေသူ ဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦး စီးဌာနမှ
ရဲဘက်အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍
အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့်
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးခဲ့ရာတွင် တွံတေးမြို့ နယ်
စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌
အကျဉ်းသားကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊
တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌ သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက်
မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။
ဆက်လက်စုံစမ်းခဲ့ရာ
မတ်လ ၈ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန် ရွှေသူဌေးတာ အကျဉ်းဦးစီးဌာနမှ ----
တာဝန်ယူ ဆောင်ရွက်သည့် အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့် လုပ်ငန်းတွင်
လုပ်ကိုင်လျက်ရှိ သော တိုက်ကြီးမြို့နယ် တရားရုံး၏ ရာကြီး ၇၀၃/၂၀၁၁ ပုဒ်မ
၃၈၀အမှု ဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇူလိုင် ၃၁
ရက်နေ့တွင် အဆိုပါ ရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူ ကိုကိုနိုင်၊
မှော်ဘီမြို့နယ် တရားရုံး၏ ရာကြီး ၁၂၇/၂၀၁၁ ပုဒ်မ ၃၈၀ အမှုဖြင့်
ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင်
အဆိုပါရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူ ဇော်ဝင်း(၂၃နှစ်) အစ/၁၁/ ၁၃၇၂၂/
မှော်ဘီမြို့နယ်နေသူနှင့် သန်လျင်မြို့နယ် တရားရုံး၏ရာကြီး ၅၀၉/၂၀၁၁ ပုဒ်မ
၃၇၆/၅၁၁အမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁
ရက်နေ့တွင် ရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူထွန်းနိုင်
(ခ)ကိုဦး(၃၂နှစ်)အစ/၁၁/ ၀၆၈၆၀ သန်လျင်မြို့နယ် နေသူတို့သုံးဦးမှာ
ဇီးဖြူကုန်းချောင်းအား ဖြတ်၍ ထွက်ပြေးသွားသဖြင့် လ-ခ-ရ တာဝန်ကျမှ
ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေး
လွတ်မြောက်ခဲ့သဖြင့် ရဲဘက်စခန်း တာဝန်ခံမှ လိုက်လံရှာဖွေခဲ့ရာ ကိုကိုနိုင်၏
အလောင်းအား ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန် တွင်
ဇီးဖြူကုန်းတောအတွင်း၌ တွေ့ ရှိခဲ့ကြောင်း သိရသည်။
@Eleven
No comments:
Post a Comment