ဧဒင်အချစ်ပုံပြင်: ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး

Sunday, 6 May 2012

ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး


Thorn Nay Soe'သုသာန်စောင့် မဖဲဝါ' ဂမ္ဘီရ စာအုပ်ဖြင့် လူငယ် စာဖတ် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သော စာရေး ဆရာ သွန်းနေစိုး (ဒဿကျော်စွာ)ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၆ (ကာမ လိမ်လည် ပြန်ပေးဆွဲမှု)ဖြင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့ စခန်းတွင် ဧပြီလ ၂ရ ရက်နေ့ကစ၍ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းနှင့် ကာယကံရှင်များထံမှ သိရသည်။
အဆောင်တွင် နေထိုင်သည့် သမီး ဖြစ်သူ ပျောက်ဆုံးသွားသဖြင့် လိုက်လံ စုံစမ်းရာ စာရေးဆရာ သွန်းနေစိုးက တက္ကသိုလ် ကျောင်းဝင်း အတွင်း ဝင်ရောက်၍ အကြမ်းဖက် ခေါ်ယူသွားသည် ကိုကြားသိရကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ပ/၄၀၈/ ၂၀၁၂ဖြင့် အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသူ ၏ဖခင်ဖြစ်သူ ဦးလှကြိုင်က ဆိုသည်။
သမီးဖြစ်သူက မိခင်ဖြစ်သူကို နာရီ ဝက်အတွင်း လာရောက် ခေါ်ယူရန်
ဧပြီ လ ၂ရ ရက်နေ့ ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသဖြင့် ၎င်းတို့ နှစ်ဦး၏ တည်နေရာကို သိရှိကာ သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကို အကြောင်း ကြားခဲ့ကြောင်း ၎င်းက ပြောကြား သည်။
မိမိနှင့် စာရေး ဆရာ သွန်းနေစိုး (အမည်ရင်း-ဦးကျော်ဝဏ္ဏ) တို့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင် သမီးရည်းစားများ ဖြစ်ခဲ့ကြောင်း၊ ရည်းစား ဖြစ်ပြီးနောက် မိဘများ မသိ အောင် လက်ထပ် စာချုပ်တွင် လက်မှတ် ထိုးခဲ့ဖူးကြောင်း၊ ၎င်းတွင် လက်ရှိ အိမ် ထောင်နှင့် ကလေး ရှိနေကြောင်း မိမိက သိရှိချိန်တွင် ကွာရှင်း စာချုပ်တွင် ပြန် လည် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကွာ ရှင်း စာချုပ်တွင် လက်မှတ်ရေးထိုးပြီး ၁ဝရက်အကြာ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၎င်းက မိမိ၏တက္ကသိုလ် ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး မိမိ တွင် ကိုယ်ဝန်ရှိနေသည်ဟုဆိုကာ ကိုယ်ဝန် ဖျက်ချရမည်ဟု လိမ်လည်ပြောဆိုလျက် ဒလမြို့သို့ ခေါ်ဆောင်သွားကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ကာယကံရှင် အမျိုးသမီးက ရှင်းပြသည်။
အမှုဖွင့် တိုင်တန်းသူများ၏ အရွယ်ရောက်ပြီး မိန်းကလေးကို လိမ်လည်ဖြားယောင်းကာ ခိုးယူပေါင်းသင်း သည့် စွပ်စွဲချက်အတွက် စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)အမည်ရင်း- ဦးကျော်ဝဏ္ဏနှင့် ကာယကံရှင်မ ...တို့ ၏ ဘိုကလေးမြို့နယ် တရားရုံးတွင် တရားဝင် လက်ထပ်ထားသော လက်ထပ် စာချုပ်နှင့် ၎င်းတို့နှစ်ဦး ပျော်ရွှင်စွာ ရိုက် ကူးထားသော မှတ်တမ်းဓာတ်ပုံ အစ ရှိသည်တို့ကို ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးနေစဉ် တင်ပြခဲ့ကြောင်း ဦးကျော်ဝဏ္ဏ ၏အမှု ကိစ္စအတွက် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ ၎င်း၏ မိတ်ဆွေ ဦးအယ်ခွန်လင်းစံ ကဆိုသည်။
တရားရုံးချုပ်ရှေ့နေတစ်ဦးလည်း ဖြစ်သူ ၎င်းက ''တရားရုံးကို မတင်သေး ဘဲ ရဲစခန်းမှာပဲရှိနေသေးတဲ့အတွက် ရှေ့နေအနေနဲ့ လိုက်ပါဆောင်ရွက်ပေးလို့ တော့မရပါဘူး။ သူ့ရဲ့အထောက်အထား တွေကို ရဲစခန်းမှာစစ်ဆေးတုန်းကပဲ တင်ပြပေးခဲ့ပါတယ်''ဟု ဧပြီလ ၂၉ ရက်နေ့တွင်ရှင်းပြသည်။
စာရေးဆရာ သွန်းနေစိုး အနေဖြင့် ပြင်ပမှ ဝေဖန်ပြောဆိုမှုများကို ကြားသိ နေသော်လည်း အချုပ်ထဲ ရောက်ရှိနေ သောကြောင့် ဖြေရှင်းပြရန် အခွင့်မသာ သေးကြောင်း၊ အချုပ်မှ လွတ်မြောက်လာ ပါက ရှင်းပြမည်ဖြစ်ကြောင်း၊ နှစ်ဦး သဘောတူခိုးပြေးခြင်းဖြစ်ကြောင်း၊ မိမိ ဖြူစင်ကြောင်း သက်သေပြရန် မိန်းက လေးတစ်ယောက် သိက္ခာကို မချလိုသဖြင့် ယခုလောက်သာပြောလိုကြောင်း၊ တရား ဝင် လက်ထပ်ထားခြင်းဖြစ်ကြောင်း ၎င်း၏ကိုယ်ပိုင် Facebook စာမျက်နှာ ၌ ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်း က ရေးသားထားသည်ကို တွေ့ရသည်။
The Voice Journal

1 comment:

  1. တရားဝင်လက်ထပ်ထားရအောင် တရားဝင် မိန်းမကြီးနဲ့မဟုတ်ဘူးလား....မိန်းကလေးကလဲ ဆေးကျောင်းတက်နေပြီးတော့ အဲ့လောက်တောင် ဦးနှောက်မရှိဘူးလား...... ဘာတွေဖြစ်ဦးမလဲတော့မသိတော့ဘူး...

    ReplyDelete

Related Posts Plugin for WordPress, Blogger...