(နယူးယောက်၊မေ ၅)
ယဉ်ကျေးမှုအနုပညာနှင့် သမိုင်းရေးရာတွင် ကမ္ဘာ့ပထမတန်းစာ ပြတိုက်ကြီးဖြစ်သော
အမေရိကန်နိုင်ငံသား နယူးယောက်မြို့ရှိ ယဉ်ကျေးမှုခေတ် ရှေးဟောင်းမြို့ပြ
နယ်နိမိတ်များ (The Met) ပြတိုက်ကြီးအနေဖြင့် သမိုင်းမြို့ပြမြေပုံတွင်
လွဲချော်နေသည်ကို ၀န်ခံရန်ခက်နေရာမှ ၁၃ နှစ်အရွယ်
ခုနစ်တန်းကျောင်းသားလေးတစ်ဦးက
အမှားထောက်ပြနိုင်ခဲ့သဖြင့်
သမိုင်းအချက်အလက် လွဲမှားနေသည်ကို ပြင်ဆင်ခဲ့ရသည်။ The Met
ပြတိုက်ကြီး၏အမှားကို ထောက်ပြနိုင်ခဲ့သောထွန်းသစ်စသမိုင်းပညာရှင်လေး
ဘင်ဂျမင်လာမန်ကိုဒီသည် အရှေ့ရောမခေတ်အင်ပါယာ (ဘိုင်ဇင်တိုင်အင်ပါယာ)
သမိုင်းကို ကျောင်းတွင်သင်းထားခဲ့ပြီး မကြာမီမှာပင် ပြတိုက်သို့
လေ့လာရေးခရီးရောက်ရှိချိန်၌ ဘိုင်ဇင်တိုက်ပြခန်းရှိ မြေပုံအမှားကို
တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သမိုင်းမြေပုံ၏ ခေတ်ကာလများအရ ရေးဆွဲထားသော
နယ်နိမိတ်မျဉ်းများတွင် စပိန်နှင့် အာဖရိကနယ်မြေအပိုင်းများ မပါဝင်သည်ကို
စစ်ဆေးတွေ့လိုက်ခြင်းဖြစ်သည်။ လေ့လာရေးခရီးမှ မပြန်မီ မြေပုံအမှားကို
ထောက်ပြရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့သူ ဘင်ဂျမင်က
“စားပွဲတစ်လုံးမှာထိုင်နေတဲ့လူကို သွားပြောပြပါတယ်။ သူက ကျနော့်ကို
ကလေးဆိုပြီး ယုံကြည်မှုမရှိခဲ့ဘူး” ဟု လာရောက်မေးမြန်းသည့်သတင်းထောက်အား
ပြောကြားခဲ့သည်။ သို့သော်လည်း အချိန်သိပ်မကြာမီမှာပင် The Met ပြတိုက်မှ
ပြင်ပရေးရာ အကြီးတန်း ဒုတိယဥက္ကဌ၏ချီးကျူးစကားဆိုသည့် e-mail ကို ဘင်ဂျမင်
လက်ခံရရှိခဲ့သည်။ ပြတိုက်၏ အလယ်ခေတ်သမိုင်းရေးရာများ မှန်ကန်စေရန်
ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ရန် ဘင်ဂျမင်က မြှင့်တင်ပေးခဲ့ပါကြောင်း
မှတ်ချက်ပြုထားခဲ့သည်။ (အင်တာနက်)
No comments:
Post a Comment