ဧဒင်အချစ်ပုံပြင်: သိန်း၂ဝနီးပါး အကုန်အကျခံပြီး တက်တူးထိုးတဲ့ ခင်လှိုင်

Monday 14 May 2012

သိန်း၂ဝနီးပါး အကုန်အကျခံပြီး တက်တူးထိုးတဲ့ ခင်လှိုင်

ခင်လှိုင်က လတ်တလောမှာ ဗီဒီယို၆ကားရိုက်ကူးဖို့ ပြင်ဦးလွင်မြို့သို့ ရောက်ရှိလာပါတယ်။ ပြင်ဦးလွင်မှာ လောလောဆယ်၆ကား လက်ခံထားတယ်။ ထပ်တိုးလာဦး မလား မသိသေးဘူးလို့ ခင်လှိုင်က ပြောပါတယ်။ ခင်လှိုင်က မြန်မာသရုပ်ဆောင်တွေထဲမှာ တက်တူးအများဆုံးလို့ ဆိုရမယ့်သူပါ။ သူ့ရဲ့တက်တူးရုပ်တွေကို အသားပေး တဲ့ ‘တက်တူး’ ဆိုတဲ့ ဗီဒီယိုကို နေမင်းနဲ့ သင်္ကြန်မတိုင်မီ ရိုက်ကူးခဲ့သလို အခုအခါ ပြင်ဦးလွင်မှာလည်း နေတိုးနဲ့ ‘ဖောရှော’ဆိုတဲ့ကားမှာ သူ့တက်တူးတွေကို အသားပေး ပြီး ရိုက်ကူးနေတာ တွေ့ရပါတယ်။ ခင်လှိုင်က တတ်တူးထိုးရတာ ဝါသနာပါပြီး ဟိုးအရင်က ထိုးခဲ့တဲ့ပုံတွေက ခေတ်နဲ့မညီတာမို့ ဖျက်တာဖျက်၊ အသစ်ပြန်ထိုးတာထိုးနဲ့ လုပ်နေကာ သူထိုးထားတဲ့ တက်တူးတန်ဖိုးက သိန်း၂ဝနီးပါးရှိတယ်လို့
သိရပါတယ်။ ဒါနဲ့တင်အားမရသေးဘဲ တစ်ကိုယ်လုံး အပြည့်တက်တူးဖို့ ရည်ရွယ်ထားပါသတဲ့။ ခင်လှိုင်၊ ဒိန်းဒေါင်အတွဲက အစီအစဉ်တင်ဆက်သူလုပ်တာ အောင်မြင်မှုရတာကြောင့်  မေးကြည့်တော့ ”သူနဲ့ကျွန်တော်က စင်ပေါ်မှာပြောမယ့် စကားကိုသိပ်မတိုင် ပင်ဖြစ်ဘူး။ လက်တန်းပြောကြတာ များတယ်။ တစ်ခါတလေမှ တိုင်ပင်ဖြစ်တာပါ။ ဇာတ်ကား ရိုက်ရတာခက်သလို၊ အစီအစဉ်တင်ဆက်သူ လုပ်ရတာနည်းနည်းပိုခက် တယ်။ ပရိသတ်နဲ့ တိုက်ရိုက်တွေ့ပြီး လုပ်ရတာပျော်စရာပါပဲ”လို့ ပြောပါတယ်။ ခင်လှိုင်က အရင်တုန်းကတော့ ဥာဏ်ကြီးရှင်၊ချစ်လွန်း စတဲ့ ကလောင်တွေနဲ့ စာတွေ ရေးဖြစ်ခဲ့ပေမယ့် အခုလောလောဆယ် မရေးဖြစ်တာက ဝမ်းစာတွေပြန်စုနေတာကြောင့်လို့ ပြောပြီး ဇာတ်လမ်းတွေတော့ ရေးဖြစ်ပါတယ်လို့ ပြောပါ တယ်။
နေကွန်းထင်

4 comments:

  1. ၀ါသနာပါတော့လည်း လုပ်ဖြစ်တာပေါ့ဗျာ......ကောင်းပါတယ်...ကိုကြိုက်တာလုပ်တာဘဲ.....

    ReplyDelete
  2. ပိုက်ဆံရှိတော့လဲ သိန်း ၂၀ ဖိုးတက်တူးထိုးတယ့်လူနဲ့

    ReplyDelete
  3. ၀ါသနာပါရာပေါ့

    ReplyDelete

Related Posts Plugin for WordPress, Blogger...