ဧဒင်အချစ်ပုံပြင်: ဝန်ဆောင်ခ ခုနစ်သိန်းကျော်ဖြင့် တောင်ကိုရီးယားတွင် သွားရောက် လုပ်ကိုင်နိုင်

Monday 14 May 2012

ဝန်ဆောင်ခ ခုနစ်သိန်းကျော်ဖြင့် တောင်ကိုရီးယားတွင် သွားရောက် လုပ်ကိုင်နိုင်

မြန်မာ လူငယ် အများစု သွားရောက် လုပ်ကိုင် လိုကြသော တောင်ကိုရီးယား နိုင်ငံသို့ EPS (Employment Permit System) စနစ်ဖြင့် သွားရောက် လုပ်ကိုင်လိုသူ များသည် သင်္ကြန် မတိုင်ခင်ထိ ဝန်ဆောင်ခ ရှစ်သိန်းကျပ် ပေးသွင်း ရသော်လည်း ယခုအခါ ဝန်ဆောင်ခနှုန်းထား လျှော့ချလိုက်သဖြင့် ကျပ် ၇ သိန်း ၂ သောင်း ပေးသွင်းကာ သွားရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ဝန်ဆောင်ခလျှော့ယူဖို့ အထက်ကညွှန်ကြားတယ်။ ဒေါ်လာဈေးတွေကျနေတော့ ဒေါ်လာဈေးနဲ့တွက်ပြီး
ယူခိုင်းတယ်။ အဲဒါကြောင့် အခုလိုကျသွားတာ။ ဒီဈေးက ဒေါ်လာဈေး ကျတဲ့ အချိန်တွက်ထားတဲ့ ဈေးပါ။ အခုဒေါ်လာ တွေ ဈေးတောင်တက်နေပြီ"ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ရန် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ထားရန်လိုအပ်ပြီး ကိုရီးယားအလုပ်ရှင်က ခေါ်ယူသည် အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ကိုရီးယားအလုပ်ရှင် က အလုပ်ခန့်စာ CCVI ကျလာသောအခါမှ ဝန်ဆောင်ခ ၇ သိန်း ၂ သောင်းကို ပေးသွင်းရမည် ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော မြန်မာအလုပ်သမားများသည် အခြေခံလစာတောင် ကိုရီးယား ဝမ်ကိုးသိန်းခွဲဝန်းကျင် (အမေရိကန်ဒေါ်လာ ရှစ်ရာလေးဆယ်ဝန်းကျင်) ရရှိမည်ဖြစ်ပြီး အချိန်ပိုလုပ်ရပါက တောင်ကိုရီးယား ဝမ် ၁၅သိန်း၊ ၁၆ သိန်း ဝန်းကျင်ရရှိကြောင်း အဆိုပါအေဂျင်စီထံမှ စုံစမ်းသိရသည်။
"ကျွန်တော်တို့ကတော့ ကံကောင်းတာပေါ့။ သင်္ကြန်မတိုင်ခင်ဆိုရင် ရှစ်သိန်းသွင်းရမှာ။ အခု ၇ သိန်း၂ သောင်း ပဲသွင်းရမှာ" ဟု ကိုရီးယားသို့သွားရောက်လုပ်ကိုင်ရန် စာချုပ်အကြမ်းလာချုပ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။
မြန်မာနိုင်ငံမှ အလုပ်သမား အများစု သွားရောက် လုပ်ကိုင်ကြသော မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်မည် ဆိုလျှင် ဝန်ဆောင်ခ အနည်းဆုံး ရှစ်သိန်း ဝန်းကျင်၊ စင်ကာပူနိုင်ငံ ဆိုပါက သိန်းနှစ်ဆယ် ဝန်းကျင် ဈေးပေါက်ကြောင်း၊ တောင်ကိုရီးယား အလုပ်အကိုင်သည် ဝန်ဆောင်ခ သက်သာခြင်း၊ လစာကောင်း ခြင်းနှင့် အလုပ်သမား အခွင့်အရေး ပိုမိုရရှိ ခြင်းတို့ကြောင့် သွားရောက်လုပ်ကိုင်လိုသူများပြားကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဈေးကွက်အတွင်း မှ စုံစမ်း သိရှိ ရသည်။
from-.yoyarlay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...