ဧဒင်အချစ်ပုံပြင်: ခုနှစ်ရက်သားသမီးများအတွက် (၁၃.၅.၁၂) မှ (၁၉.၅.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

Monday 14 May 2012

ခုနှစ်ရက်သားသမီးများအတွက် (၁၃.၅.၁၂) မှ (၁၉.၅.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

vcep2hea1astrology-palmistry

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီတနင်္ဂနွေ သား သမီးများ ၏ ကံကြမ္မာ

စက်ပစ္စည်းဝင်ခြင်း၊ အိုးပိုင်၊ အိမ်ပိုင်ရခြင်း၊ လုပ်ငန်းသစ်လုပ်ရခြင်းများဖြစ်
တတ်သည်။ သို့သော်အခုရက်ပိုင်းတွင် လုပ်ငန်းသစ်လုပ်ရန်မကောင်းသေးပါ။
မအောင်မြင်နိုင်သေးသော အချိန်ဖြစ်နေသည်။ ဆုံးရှုံးမှုများမည်။ လုပ်လက်စလုပ်ငန်း

ကိုဘဲဂရုတစိုက်လုပ်ရမည့်အချိန်ဖြစ်သည်။ ငွေများအကြောင်းမဲ့ကုန်နေတတ်သည်။
မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။
ဆိုင်ကယ်၊ ကားသတိထားပါ။ လက်ဒဏ်ရာရတတ်သည်။ ရပ်ဝေးမှနာရေးသတင်းကြားရမည်။
ဖုန်း၊ ကွန်ပြူတာထွက်တတ်သည်။
ကျန်းမာရေး။  ဆေးထိုးမှားခြင်း၊ ခေါင်းမူး၊ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။  စန်းအားကောင်းသည်။  ချစ်သူရည်းစားရမည်။
ယတြာ။  မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၁၊ ၁၊ ၆ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြား ပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မိမိမရောက်ဖူးသောဒေသသို့သွားရခြင်း၊ ပျော်ရွင်သောခရီး
သွားရခြင်းများဖြစ်မည်။ မြေ၀င်ခြင်း၊ မိတ်ဆွေသစ်ရခြင်း၊ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်းဖြစ်တတ်သည်။
ရွှေ၊ နာရီထွက်တတ်သည်။ အလုပ်တွင်ထိခိုက်ဒဏ်ရာရခြင်း၊ စကားများရခြင်းဖြစ်တတ်သည်။ သတိထားပါ။
ရန်ပေါ်တတ်သည်။ အလုပ်ပြောင်းရတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ မိဘများကိုပိုပြီးကျေးဇူး
ဆပ်ရမည်။ ၀င်ငွေအားကောင်းမည်။ စီးပွားတက်မည့်အချိန်ဖြစ်နေသည်။
ကျန်းမာရေး။  လေထိုးလေအောင့်ခြင်း၊ သွေးတိုးခြင်း၊ သွေးထွက်သံယိုခြင်းဖြစ်တတ်သည်။
အချစ်ရေး။  မိမိဘ၀အတွက်လက်တွဲဖေါ်ကောင်းရမည်။
ယတြာ။  မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၅၊ ၃၊ ၁ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စန်းပွင့်ခြင်း၊ စုတ်လာဘ်ဝင်ခြင်း၊ စီးပွားတက်နေခြင်း၊ ခရီးကောင်းများဆက်တိုက်သွားနေရခြင်းများဖြစ်နေမည်။
ရွှေလက်ကောက်ဝင်ခြင်း၊ ကားဝင်ခြင်း၊ ကားအဟောင်းအသစ်လဲရခြင်းများပြုလုပ်ရမည်။ စာရွက်စာတမ်းနှင့်
ပတ်သက်ပြီးစိတ်ညစ်စရာကြုံတွေ့ရခြင်း၊ လက်အောက်ငယ်သားကြောင့် စိတ်ညစ်ရခြင်း များဖြစ်တတ်သည်။
ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရခြင်းမျိုး ဖြစ်တတ်သည်။
ကျန်းမာရေး။  ဆေးစားမှားခြင်း၊ သွေးတိုးခြင်း၊ အမျိုးသမီးများမီးယပ်နှင့်ပတ်သက်သောရောဂါဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။  စန်းအားကောင်းနေသောကြောင့် စိတ်ကြိုက်ရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄၊ ၄၊ ၂၊ ၂ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလှူလုပ်ရခြင်း၊ရွှေအသစ်ဝင်ခြင်း စက်ပစ္စည်းထွက်ပြီးလျှင်ပြန်ဝင်မည်။ သောကြာနံပစ္စည်းများကောင်းသော
ဝင်ခြင်းဖြစ်မည်။ အခန်း၊ အိမ်ပြင်ခြင်းများပြုလုပ်ရမည်။ မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ ငွေများ
ဝင်မည်။ သို့သော်အထွက်များနေမည်။ ခင်မင်သောမိတ်ဆွေနှင့်စကားများပြီးမိတ်ပျက်တတ်သည်။ အဖမ်းအဆီး
ခံရတတ်သည်။ အသွားအလာသတိရှိပါ။
ကျန်းမာရေး။  အပူလောင်ခြင်း၊ ဗိုက်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။  အစစအရာရာအဆင်ပြေနေမည်။
ယတြာ။  မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လ္ဘက်သုပ်နှင့်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆၊ ၆၊ ၄၊ ၃ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီးသွားရတတ်သည်။ မိတ်ဆွေများ၏ကူညီမှုရတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊
ထီပေါက်တတ်ခြင်း၊ ထီပေါက်သကဲ့သို့ငွေဝင်ခြင်းများဖြစ်မည်။ ကားဝင်ခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊
လက်အောက်ငယ်သားဝင်ခြင်း၊ ရပ်ဝေးမှဆွေမျိုးသားချင်းကျန်းမာရေးမကောင်းသော သတင်းကြားရခြင်း
၊ ဆိုင်ကယ်နှင့်ကားငြိ၍ငွေကုန်ရခြင်းမျိုးဖြစ်တတ်သည်။
ကျန်းမာရေး။  သွေးထွက်သံယိုဖြစ်ခြင်း၊ ရာသီထိမ်ခြင်း၊ သားအိမ်ကျန်းမာရေးမကောင်းခြင်းဖြစ်တတ်သည်။
အချစ်ရေး။  ချစ်သူရည်စားရမည်။
ယတြာ။  မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀၊ ၀၊ ၅၊ ၄ )
သောကြာသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်လုပ်ငန်းသစ်လုပ်ရတတ်သည်။ ထင်သလောက်မအောင်မြင်သေးပါ။ စိတ်တိုင်းမကျသောအ
ချိန်ဖြစ်နေသည်။ လုပ်သမျှအဆင်မပြေဖြစ်နေမည်။ ငွေလူလိမ်ခံရတတ်သည်။ စာချုပ်စာတမ်းအာမခံခြင်းမ
လုပ်ပါနှင့်။ မိမိကိုအမှုပတ်တတ်သည်။ အလုပ်တွင် မိမိထက်ငယ်သူ / ကြီးသူနှစ်ဦးလုံးကြောင့်စိတ်ညစ်နေရ
တတ်သည်။ သည်းခံပြီးနေပါ။
ကျန်းမာရေး။  အဆုပ်အအေးမိခြင်း၊ ချောင်းဆိုးခြင်းဖြစ်နေမည်။
အချစ်ရေး။  အစီအစဉ်မရှိဘဲရုတ်တရက်အိမ်ထောင်ကျတတ်သည်။
ယတြာ။  မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးပါသောမုန့် (၆) ခုကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁၊ ၆၊ ၆၊ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
တိုက်ခန်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ ကားဝင်ခြင်းဖြစ်မည်။ ထီပေါက်တတ်သည်။ ရွှေထွက်ပြီးပြန်ဝင်မည်။ စက်ပစ္စည်းများေ
ကြာင့်စိတ်ညစ်နေရမည်။ လက်အောက်ငယ်သားထွက်သွားတတ်သည်။ လုပ်ငန်းတွင် အတိုက်အခံ၊
အခက်အခဲများဖြစ်နေမည်။ နိုင်ငံခြားခရီးရှိခြင်း၊ ပြည်တော်ပြန်ရခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။  သွားဒုက္ခပေးခြင်း၊ သွေးပေါင်ကျခြင်းဖြစ်တတ်သည်။
အချစ်ရေး။  ချစ်သူမှအဆက်အသွယ်ဖြတ်ခြင်းခံနေရ၍ အသည်းကွဲတတ်သည်။ ချော့ကလက်စားပါ။
ယတြာ။  မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇၊ ၅၊ ၅၊ ၇ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ* ဗေဒင်ပညာရှင် ဒေါ်ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)
ဖုန်း- +6016 690 3513+ 6012 9133 093
Facebook: www.facebook.com/swezinwati
E-mail:swezinwati@gmail.com
* မလေးရှား မဟုတ်သောအခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများကို အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပေးနေပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...