ဧဒင်အချစ်ပုံပြင်: လုပ်ခအပြည့်ရရေးတောင်းဆိုတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို အလုပ်ရှင်မှ မောင်းထုတ်

Friday, 18 May 2012

လုပ်ခအပြည့်ရရေးတောင်းဆိုတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို အလုပ်ရှင်မှ မောင်းထုတ်

                                                  ဧဒင်အချစ်ပုံပြင်

မြန်နိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့ ဘက်က MOU စာချုပ်နဲ့ ပတ်စပို့လုပ်ပြီး ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင် ကြတဲ့ မြန်မာအလုပ်သမား ၁၅ ဦးဟာ လုပ်အားခ အပြည့်ပေးဘို့ တောင်းဆိုရာမှ အလုပ်ရှင်မှ လုပ်ပြီးသာ လုပ်အားခမ ပေးတဲ့အပြင် အလုပ်ကနေ မောင်းထုတ်ခြင်းကို ခံခဲ့ရတယ်လို့ သိရှိရပါတယ်။



သူတို့ဟာ ထိုင်းနိုင်ငံ ချွန်ဘူရီမြို့Siam Pattern မှန်စက်ရုံမှာ ၁ နေ့ ဘတ် ၂၀၀ နဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့ သဘောတူ ညီချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့်သူတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ ဦးစိုးဝင်း ကုမ္ပဏီမှ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့ က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ တိုင်ကြားထားပေမယ့် လောလောဆယ်မှ နေစရာစားစရာ ခက် ခဲနေတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ရွှေတွံတေးဆရာတော် အရှင်ဝါယမ က အလုပ်သမား ၁၅ ဦးရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးထားတယ်လို့ သိရှိရပါတယ်။

ယခုအခါ စာရွက်စာတမ်း အထောက်အထားမရှိသေးတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ချင်ပါက ထိုင်းအလုပ်ရှင်၊ ကုမ္ပဏီတွေက MOU လက်မှတ်တွေနဲ့ နှစ်နိုင်ငံနယ်စပ်ကနေ ခေါ်ထုတ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့် ယာယီ နိုင်ငံကူးလက်မှ ရရှိရေးတွေကို အဆင့်ဆင့်ဆောင်ရွက်လုပ်ကိုင်နေကြောင်း သိရှိရပါတယ်။
@NT

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...