ဧဒင်အချစ်ပုံပြင်
လူငယ်၊ လူကြီး အရွယ်စုံက ဒီနေ့ ခေတ်မှာ အလှအပကို စိတ်ဝင် စားကြပါတယ်။ အလှအပနဲ့ ပတ် သက်ပြီး ဝန်ဆောင်မှု ပေးတဲ့ နေရာ တွေလည်း များစွာ ရှိလာ ပေမယ့် တချို့က ကိုယ့်အိမ်မှာ ကိုယ်သိ သလောက်နဲ့ နီးစပ်ရာအလှပြင် ပစ္စည်းတွေကို သုံးစွဲလေ့ရှိကြပါ တယ်။
အလှအပနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး လိုက်နာသင့် သလဲဆို တာတွေကို အလှဖန်တီးရှင်၊ ဆံပင် ပညာရှင်များနဲ့ တွေ့ဆုံပြီး အပတ်စဉ် စီစဉ်တင်ဆက်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။.ဒီတစ်ပတ် မှာတော့ Ko Ko Beauty Salon ဆိုင်ကို ရောက်ရှိခဲ့ပါတယ်။ ဒီဆိုင်မှာလည်း တခြားဆိုင် တွေလိုပဲ ဆံပင်ညှပ်၊ လျှော်၊ ကောက်၊ ဖြောင့်၊ အရောင်သွင်း၊ အားလုံးရနိုင်ပါတယ်။ မျက်နှာနဲ့ ပတ်သက်တဲ့ပြုပြင်မှုတွေလည်းရနိုင် သလို Foot Massage လည်းရနိုင်တယ်။ ဈေးနှုန်းကတော့ သုံးတဲ့ ပစ္စည်းပေါ်မူတည်ပြီး ကွာသွားတာ ပေါ့။
အားလုံးကတော့ အရည် အသွေးကောင်းမွန်တဲ့ပစ္စည်းနဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက စိတ် တိုင်းကျ ဆောင်ရွက်ပေးပါတယ်။ ခုနောက်ပိုင်းတိုးပြီးလုပ်ဖြစ်တာက ညစာစားပွဲအခမ်းအနားတက်မယ့်
သူတွေ အလှပြင်ချင်တာမျိုး၊ မင်္ဂလာဆောင်ပွဲတက်သူတွေ၊ သတို့ သား၊ သတို့သမီးအလှပြင်ချင်တာ မျိုးတွေအတွက် သီးသန့်ပြင်ပေးတဲ့ ဝန်ဆောင်မှုကိုစနေပါတယ်။
ခုက မော်ဒယ်ဆုရှင်မင်းဆက် ကို သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး သွားမယ့် ပါတီပွဲအတွက် ပြင်ဆင် ထားတာမျိုးပြင်ပေးထားတာပါ။ သူက ငယ်ရွယ်နုပျိုတဲ့ မိန်းမပျိုတစ် ယောက်ဖြစ်တာကြောင့် အရမ်းကြီး Classic ဆန်တဲ့ပုံစံမျိုးထက် ခုလို ပေါ့ပေါ့ပါးပါးပုံလေးက သူ့ကိုပိုပြီး ပေါ်လွင်စေအောင် ဖန်တီးဖြစ်တာပါ။ ခုခေတ်မှာ လူတိုင်းက ဖက်ရှင်ကျကျလှချင်ကြတာပဲ။
ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အလှကိုမှ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီး အချိန်ယူပြင် ဆင်တဲ့အခါမှာ ကိုယ့်ရဲ့အလှကပို ပြီးပေါ်လွင်စေတဲ့အပြင်၊ ကိုယ်နဲ့ မလိုက်ဖက်တဲ့ အပြင်အဆင်နဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ရှောင်လို့ရသွားတာပေါ့။
အလှကုန် ပစ္စည်းတွေကို သုံးတော့မယ်ဆိုရင် တကယ်ကိုတတ်ကျွမ်းတဲ့ ပညာရှင် တွေနဲ့အကြံဥာဏ်ယူပြီးသုံးသင့် တယ်။ အဲဒီလိုလုပ်ရတာက အချိန် ပေးရတယ်ဆိုပေမယ့် ကိုယ့် အတွက်အများကြီးအထောက်အကူ ဖြစ်စေနိုင်တယ်။ လက်သင့်ရာဝယ် သုံးပြီး အသားအရေနဲ့ မတည့် တာမျိုးကြုံတဲ့အခါပြန်လည်ပြီး ကုသရတာက အချိန်လည်းကုန် သလို ငွေလည်းကုန်ပါတယ်။
No comments:
Post a Comment