ဧဒင်အချစ်ပုံပြင်: တစ်နာရီတိုင်းတွင် တရားမဝင် ကျောက်ကပ်များ ရောင်းချ နေ

Thursday 31 May 2012

တစ်နာရီတိုင်းတွင် တရားမဝင် ကျောက်ကပ်များ ရောင်းချ နေ

တစ်နာရီတိုင်းတွင် တရားမဝင် ကျောက်ကပ်များ ရောင်းချ နေ


တစ်နာရီတိုင်းတွင် တရားမဝင် ကျောက်ကပ်များ ရောင်းချ နေ
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏ ခန့်မှန်းချက် အရ ကမ္ဘာနှင့်အဝှမ်းတွင် နှစ်စဉ်တိုင်း၌ တရားမဝင် ကျောက်ကပ်  အစားထိုး ခွဲစိတ် ကုသမှု ရှိနေကြောင်း ခန့်မှန်း
ပြောကြားလိုက်ပြီ ဖြစ်သည်။

ယခုလို ရောင်းဝယ်မှုများကို ဂိုဏ်းအဖွဲ့များမှ တစ်ဆင့် ဝယ်ယူလိုသူများ၏ တောင်းဆိုမှုဖြင့် 
ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ဆင်းရဲသူ လူတန်းစားများထံမှ အနည်းဆုံး ဒေါ်လာ ငါးထောင်ခန့်ဖြင့် ဝယ်ယူကာ ကျောက်ကပ် လဲလှယ်လိုသူများကို ဆရာဝန်များကို  ဒေါ်လာ သောင်းသိန်းချီပြီး ရောင်းချခြင်းဖြင့် အမြတ်အစွန်း များလှသည့် ရောင်းဝယ်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

WHO မှ ရရှိသည့် သတင်း အချက်အလက်များ အရ  လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ ၉၅ နိုင်ငံသော အဖွဲ့ဝင် နိုင်ငံများတွင် တရားဝင်ရော တရားမဝင် ပါပြုလုပ်သည် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လဲလှယ်မှု ၁၀၆၈၇၉  ခုကို ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းအထဲမှ ၇၀ ရာနှုန်းမှာ ကျောက်ကပ် လဲလှယ်မှု ဖြစ်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုအပ်ချက်၏ ၁၀ ရာနှုန်းသာ ရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို တရားမဝင် လဲလှယ်မှုများနှင့် ပတ်သက်ပြီး ဆရာဝန် ကွန်ရက်တစ်ခုမှ တရားမဝင် လုပ်ဆောင်မှုများကို စုံစမ်းလျက် ရှိကာ ယခင် အပတ်ကလည်း အစ္စရေး နိုင်ငံတွင် ယင်းသို့ တရားမဝင် ပြုလုပ်နေသည့် လူ ၁၀ ဦး အဖွဲ့ကို ဖမ်းမိခဲ့သေးကြောင်းလည်း သိရသည်။

(ရွှေအိမ်စည်စာပေဒါန)

source : The Guardian

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...