ဧဒင်အချစ်ပုံပြင်: မွေးနေ့အလည်အပတ်ခရီးထွက်ရာက ကံကောင်းလို့ကျားသစ်ကိုက်မသေခြင်း

Saturday 5 May 2012

မွေးနေ့အလည်အပတ်ခရီးထွက်ရာက ကံကောင်းလို့ကျားသစ်ကိုက်မသေခြင်း

ပြီးခဲ့တဲ့စနေနေ့က ဗြိတိန်အမျိုးသမီး Violet D’Mello ဟာ သူမရဲ့အသက်(၆၀)နှစ်ပြည့် မွေးနေ့အလည်အပတ်ခရီးအဖြစ် တောင်အာဖရိကနိုင်ငံရှိ တောရိုင်းတရိစ္ဆာန်ဥယျာဉ်သို့
ဝင်ကြေးစတာလင်ပေါင် ၄.၅ ပေးပြီးဝင်ခဲ့ကာ Mark နဲ့ Monty လို့ခေါ်တဲ့ကျားသစ်ညီနောင်ကိုသွား၍ပွတ်သပ်ခဲ့တာဖြစ်ကြောင်း သိရသည်....ဆက်ကြည့်ပါဂျာ...
 




။ထိုသို့ပွတ်သပ်ဓါတ်ပုံရိုက်နေချိန်၌ မမျှော်လင့်ဘဲ ၎င်းတို့အုပ်စုထဲမှ ရှစ်နှစ်အရွယ်ကလေးမလေးအား ကျားသစ်တစ်ကောင်ကလှမ်းခုန်ဖမ်းလိုက်ချိန်တွင် ကလေးမလေး၏အစ်ကိုအား ထွက်မပြေးဖို့၊
ပြေးလျှင် ကျားသစ်တွေအနောက်ကနေ ပြေးလိုက်မယ်လို့ ချော့မော့နှစ်သိမ့်သတိပေးခဲ့ကာ သူမကိုယ်တိုင်တော့ထွက်ပြေးခဲ့တဲ့အတွက် တောလိုက်ကျားသစ်(သစ်ကျုတ်)နှစ်ကောင်က
သူမကို မြေပေါ်သို့လှဲချခဲ့ကာ သုံးမိနစ်ကြာလောက် သေလုနီးပါးတိုက်ခိုက်၍ ဝမ်းဗိုက်၊ ခြေထောက်နှင့်ခေါင်းတို့ကို ကိုက်ခဲခြင်းခံခဲ့ရကြောင်း သိရသည်။

တခြားနိုင်ငံခြားသားများက ၎င်းတောရိုင်းတရိစ္တာန်နှစ်ကောင်ကိုခြောက်လန့်လွှတ်ကြပေမယ့် ထိုသူများအား ဒဏ်ရာရအမျိုးသမီးသမီး၏ဝေးရာသို့ ကျားသစ်နှစ်ကောင်ကပြန်တိုက်ခိုက်လွှတ်ခဲ့ကြတယ်လို့
သိရပါတယ်။

သူမ၏ခင်ပွန်းကတော့ သူ့ဇနီး ဘယ်လိုအခြေအနေမျိုးကြုံတွေ့နေခဲ့တယ်ဆိုတာ ကောင်းစွာသတိမရနိုင်တော့ဘဲ သူ့ဇနီးအားကိုက်ခဲနေပုံတွေကိုသတိဝင်လာသည်အထိ ဓါတ်ပုံတွေပဲ
ဆက်လက်ရိုက်နေခဲ့တယ်လို့ သိရပါတယ်။

Violet D’Mello ဟာ သူမကိုယ်သူမလူကြီးတစ်ဦးဖြစ်တဲ့အတွက် ဒီကျားသစ်ညီနောင်ဟာ သူမနောက်လိုက်မယ်မထင်လို့ပြေးခဲ့တာဖြစ်ကြောင်း၊ သူမသိလိုက်တဲ့အချိန်မှာ ကျားသစ်တစ်ကောင်ဟာ
သူမရဲ့လည်ကုတ်နဲ့ခြေထောက်ကို ကိုက်ခဲခဲ့ပြီဖြစ်ကြောင်း၊ နောက်တစ်ကောင်လဲရောက်လာကာ ကျောက်ကပ်နားသို့ကိုက်ခဲခြင်းတွေခံခဲ့ရကြောင်း၊ သူမအပါအဝင် အားလုံးကြောက်လန့်တကြား
အော်ဟစ်ခဲ့ပေမယ့် သူမဘယ်လိုနည်းလမ်းနဲ့လွတ်မြောက်နိုင်မယ်ဆိုတာ မသိနိုင်တော့ကြောင်း၊ သူမကိုယ်သူမ ရင်ထဲကအသိနဲ့သေချင်ယောင်ဆောင်ပြီး မလှုပ်မယှက်ငြိမ်သက်နေခဲ့ရာ
အခြားတစ်ဦးကလာပြီး ယင်းသားရဲတရိစ္ဆာန်နှစ်ကောင်အားမောင်းထုတ်ခဲ့တာဖြစ်ကြောင်း ပြန်ပြောပြခဲ့ပါတယ်။

ဒဏ်ရာရခဲ့သောသူမအား ဆေးရုံသို့အမြန်တက်ရောက်ကုသစေကာ သူမတို့ နောက်ထပ်လည်ပတ်မည့်အစီအစဉ်များအားလည်း ရွှေ့ဆိုင်းထားခဲ့ရကြောင်း သိရသည်။

သားရဲရဲ့လက်သည်းဟာ သူမရဲ့ညာဘက်မျက်ခမ်းစပ်နားမှာရှိခဲ့ပြီး ၁စင်တီမီတာလေးသာအနည်းငယ်လွဲခဲ့ပါက သူမဟာ ညာဘက်မျက်လုံးဆုံးရှုံးရမှာဖြစ်တယ်လို့ ဆရာဝန်ကပြောခဲ့ကြောင်း
သိရပါတယ်။

ကျားသစ်နှစ်ကောင်ကိုပွတ်သပ်ပေးလို့ရတယ်ဆိုပြီး အန္တရာယ်ရှိကြောင်းကြေငြာမထားသောကြောင့် ဒီအဖြစ်အပျက်အတွက် ၎င်းတို့ဟာ အလွန်ဒေါသထွက်စိတ်ဆိုးလျက်ရှိကာ
ထိုတောရိုင်းတရိစ္ဆာန်ဥယျာဉ်မှလည်း ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှမတွေ့ကြုံခဲ့ဖူးကြောင်း ပြောခဲ့ပါတယ်။

Source : Daily Mail

@ BurmeseHearts

1 comment:

  1. မသေကောင်းမပြောက်ကောင်း
    ကံကောင်းလို့ပေါ့

    ReplyDelete

Related Posts Plugin for WordPress, Blogger...