ဧဒင်အချစ်ပုံပြင်: အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာတဲ့ ဝေဠုကျော်

Tuesday 22 May 2012

အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာတဲ့ ဝေဠုကျော်

                                                    ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်


ဝေဠုကျော်က ရုပ်ရှင်အစည်းအရုံး ကိစ္စတွေမှာလည်း နိုင်တဲ့နေရာက အနည်းအကျဉ်း ဆောင်ရွက်နေသလို ဗိုလ်ချုပ်ဇာတ်ကား ဖြစ်မြောက်ရေးမှာလည်း သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့မှာ ဝင်ပြီး ကူညီ ဆောင်ရွက်ပေးနေပါတယ်။  NLD က ခေါ်ရင်လည်း သွားဖြစ်သလို၊ သွေးမေတ္တာ ပရဟိတ အသင်းမှာလည်း ဒု-ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်နေပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေလည်း လုပ်နေတဲ့အတွက် အလုပ်တွေ ရှုပ်နေတဲ့ ဝေဠုကျော်ကို
လူပျိုကြီးဘဝက ဘယ်တော့ ကျွတ်တာ မြင်ရနိုင်မလဲဆိုတဲ့ အမေးကိုတော့.. "မြန်မြန်ရှာပြီး ပေးစားရင်တော့ ဖြစ်သွားမှာပါ။ တွေ့လည်း တွေ့ထားပါတယ်။ ပြောလည်း ပြောထားပါတယ်။ မသေလည်း မသေချာသေးပါဘူး။ ဘာမှ မသိရသေးပါဘူး။ ကျွန်တော်လည်း ကြောက်လို့ ထပ်မပြောရဲဘူး။ ဒီအရွယ်ရောက်မှ ရည်းစားစကား ပြောရတာ ရှက်လို့ ထပ်ပြီး မပြောရဲတော့လို့ မပြောဘဲနေတာ” လို့ ပွင့်လင်းစွာ ပြောပါတယ်။ ရုပ်ရှင်ထဲမှာတော့ ချစ်သူ ကောင်မလေးကို ချစ်စကား ပြောရတာ ဒါရိုက်တာသင်လို့ ပြောရတာ ဖြစ်တဲ့အတွက် ရည်းစားစကား ပြောရတာ လွယ်ကူပြီး တကယ့် အပြင်မှာတော့ ကိုယ့်ဘာသာကိုယ် ပြောရတာ မျက်နှာပူကြောင်း ပြောတဲ့ ဝေဠုကျော်က "ဇာတ်ကားထဲမှာ ပြောတာ လွယ်တယ်လေ။ ဒါရိုက်တာ သင်လို့ ပြောတာလို့ ပြောရတာပေါ့။ အခုကျတော့ အဲဒီလို ပြောလို့ မရတော့ဘူးလေ။ ကိုယ့်ဘာသာကိုယ် ပြောရတာဆိုတော့ မျက်နှာပူတာပေါ့၊၊ အောင်သွယ်မရှိရင် မညားတော့တဲ့ အရွယ်ပါ။ အားလုံးဝိုင်းပြီး အောင်သွယ်ပေးကြပါလို့ အဲဒါမှပဲ မိန်းမရတော့မှာပါ” လို့ ပြောပါတယ်။ တွေ့ထားတဲ့သူက အနုပညာရှင်ထဲကလား၊ ပရိသတ်ထဲကလား ဆိုတော့ ဝေဠုကျော်က မပြောပြဘဲ လျှို့ဝှက်သွားခဲ့ပြီး ပြောရင် အမှုကြီးလွန်း အားကြီးလို့ ပြောမပြသေးဘူးလို့ ဆိုပါတယ်။

@ Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...