ပြင်ဦးလွင်မြို့ကို ရိုက်ကူးရေးရောက်နေတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း၊
သူထူးစံ၊နေမင်း၊ သင်ဇာ ဝင့်ကျော်တို့ပါဝင်တဲ့ ရုပ်ရှင်အဖွဲ့သားဘောလုံးအသင်း
နဲ့ပြင်ဦးလွင်မြို့ခံ ဘောလုံး အသင်းတို့ ခြေစမ်းပွဲကို မေလ၂၂ရက်၊ညနေ
၎နာရီခွဲက ပြင်ဦးလွင်ခရိုင် အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပရိသတ်တွေကို
ကြေညာထားခြင်းမရှိပေမယ့် ပရိသတ်တချို့ လာရောက်လာအားပေးကြတာလည်း
တွေ့ရပါတယ်။ Actor Star ဘောလုံးအသင်းသားတွေ အများစု ပါဝင်တဲ့
ရုပ်ရှင်အဖွဲ့သားဘောလုံး အသင်း ကိုတော့ သူထူးစံက “မကန်ရရင် မနေနိုင်ပေါင်”
ဘောလုံး
အသင်းလို့ အမည်ပေးပါတယ်။ ရုပ်ရှင်အဖွဲ့ဘောလုံး အသင်းမှာတော့
ထူးထူးခြားခြား သင်ဇာဝင့်ကျော် က ဂိုးသမားအဖြစ် ပါဝင်ခဲ့တာပါ။
သူဟိုးအရင်နှစ်တွေ တုန်းက ဘောလုံးမကန်ဖြစ်ဘဲ ဒီတစ်ခေါက်မှာတော့
ဒါရိုက်တာဝင်းထွန်းထွန်းတို့ ခေါ်တာနဲ့ ကျန်းမာရေး အရ ဝင်ကန်
ဖြစ်တာလို့ပြောပြီး ပြီးခဲ့တဲ့အပတ်ကန် တုန်းကတော့ ဒူးပွန်းခဲ့တယ်လို့
ပြောပြခဲ့ပါတယ်။ ပရိသတ်တွေကတော့ ရုပ်ရှင်အဖွဲ့သားဘောလုံး အသင်းကိုပဲ အားပေး
ခဲ့ကြပါ တယ်။ သူထူးစံ၊နေမင်း၊ သင်ဇာဝင့်ကျော်တို့ကို အထူးအားပေးခဲ့
ကြပြီး၊ မင်းသားတွေကို တစ်ဖက်အသင်းကထိရင် အမျိုးသမီးပရိသတ် တွေက တစ်ဖက်
အသင်းသား တွေကိုလည်း မကြားတကြား ရန်ထောင် ကြတာလည်းတွေ့ခဲ့ရပါတယ်။
“မကန်ရမနေနိုင်ပေါင်” ရုပ်ရှင်အဖွဲ့သား ဘောလုံးအသင်းနဲ့
ပြင်ဦးလွင်မြို့ခံအသင်းတို့ပွဲမို့ ၇ဂိုး၊ ၄ဂိုးနဲ့ရုပ် ရှင်အဖွဲ့က
အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ သူထူးစံ၃ဂိုး၊ ဒါရိုက်
တာဝင်းထွန်းထွန်း၂ဂိုးနဲ့နေမင်းက ၁ဂိုးသွင်းယူခဲ့ကြတာပါ။ ရုပ်ရှင် အသင်းမှာ
ပြင်ဦးလွင် ရောက်နေတဲ့ မြန်မာ့လက်ရွေးစင်ဟောင်း
သန်းတိုးအောင်လာကန်မယ်လို့ သတင်း ထွက်ခဲ့ပေမယ့်လည်း သန်းတိုးအောင်က
လားရှိုးခရီး ဆက်သွား တာကြောင့် မလာဖြစ်ခဲ့ပါဘူးလို့သိရပါတယ်။
နေကွန်းထင်popularmyanmar.
No comments:
Post a Comment