လမ်းလျှောက်နေစဉ် မိုဘိုင်းဖုန်းဖြင့် မက်စ်ဆေ့ပို့သူများကို ယူအက်စ်မှ မြို့တစ်မြို့တွင်အရေးယူလျက်ရှိပါသည်။ ယင်းကဲ့သို့အရေးယူုခြင်းသည် လမ်းဖြတ်ကူးသူများသည် သတ်မှတ်ထားသည့်နေရာမှလမ်းဖြတ်ကူးရမည့်အစား ဂရုမစိုတ်ပဲ တရားမ၀င်လမ်းဖြတ်ကူးသောနေရာများတွင်လမ်းဖြတ်ကူးမှုများ များပြားလာရာမှစတင်ခဲ့သည်။ လူအချို့ ဟာ ဂရုမစိုတ်မှုကြောင့် အမြဲတမ်းသူတို့ကိုယ်သူတို့ ကားတိုက်ခံရမည့် အန္တရာယ်မှာရှိစေပါတယ်ဟု နယူးဂျာစီပြည်နယ်၊ ဖို့ဒ်လီးရှိ ရဲအရာရှိများကပြောကြားခဲ့သည်။ ရဲများသည် စည်းကမ်းမလိုတ်နာသည့် လမ်းဖြတ်ကူးသူများကိုအရေးယူရန် ကင်းလှည့်လျက်ရှိပြီး လမ်းသွားသူများကိုလည်းအရေးယူမည့်အကြောင်းကို ကြော်ငြာစာရွတ်များဝေငှလျက်ရှိပါသည်။ ယခုနှစ်အတွင်းအခုချိန်ထိ ဖို့ဒ်လီးမှာ လူအယောက် ၂၀ လောက်ကားတိုက်ခံရပြီးပါပြီ။ လမ်းသွားသူတွေဟာ သူတို့ကိုယ်သူတို့ဘယ်ကိုသွားနေတယ်ဆိုတာ မသိပါဘူး။ဂရုလည်းမစိုတ် သတိလည်းမထားပါဘူး ဟု ရဲမှူးကြီးက အစည်းအဝေးတွင်ပြောကြားခဲ့သည်။
“ကျွန်မ အမြဲတမ်းပဲ လမ်းလျှောက်ယင်း မက်စ်ဆေ့ပို့ပါတယ်။ ဒါပေမယ့် ကျွန်မအမြဲတမ်း ခေါင်းငြုံပြီးကြည့်နေတာမဟုတ်ပါဘူး။ ပါတ်ဝန်းကျင်ကိုလည်းအမြဲတမ်းကြည့်ပါတယ်ဟု”လမ်းလျှောက်သွားသူ တစ်ယောက်ဖြစ်သည့် Sue Choe က၀န်ခံခဲ့သည်။
လွန်ခဲ့သော ၄၅ ရက်အတွင်းပင် ၈၅ ဒေါ်လာဒဏ်ကြေးရှိသည့် တရားမ၀င်လမ်းဖြတ်ကူးခြင်းအတွက်အရေးယူမှုပေါင်း ၁၁၇ မှုကို ဒဏ်ရိုတ်ခဲ့သည်
source:skynews
No comments:
Post a Comment