ဧဒင်အချစ်ပုံပြင်: HIV ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရန် နောက်ဆုံးပေါ် ကာကွယ်နည်းအဖြစ် အမျိုးသမီးများ ကတုံးတုံးကြရန်နှင့် ရေလျှော့ချိုးရန် ဇင်ဘာဘွေပါလီမန် အစည်းအဝေးတွင် အကြံပြုတင်ပြ

Thursday 31 May 2012

HIV ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရန် နောက်ဆုံးပေါ် ကာကွယ်နည်းအဖြစ် အမျိုးသမီးများ ကတုံးတုံးကြရန်နှင့် ရေလျှော့ချိုးရန် ဇင်ဘာဘွေပါလီမန် အစည်းအဝေးတွင် အကြံပြုတင်ပြ


HIV ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု ရပ်တန့်ရန် နောက်ဆုံးပေါ် ကာကွယ်နည်းအဖြစ် အမျိုးသမီးများ ကတုံးတုံးကြရန်နှင့် ရေလျှော့ချိုးကြရန် အဆိုကို  ဇင်ဘာဘွေ အထက်လွှတ်တော် အမတ်တစ်ဦးက ပါလီမန် အစည်းအဝေးတစ်ခုတွင် အကြံပြု တင်ပြလိုက်ကြောင်း သိရသည်။ အထက်လွှတ်တော်အမတ် Morgan Fenai က အစည်းအဝေးတွင် “အမျိုးသမီးများ၏ လှပမှု ဆွဲဆောင်အားကို အမျိုးသားများ မတွန်းလှန်နိုင်ခြင်းကြောင့် ယခုကဲ့သို့ HIV ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပေါ်နေရသည်ဟု ယုံကြည်ကြောင်း ၎င်း၏အမြင်ကို ပြောဆိုသည်။ သို့ဖြစ်၍ အမျိုးသမီးများ အနေဖြင့် HIV ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို ရပ်တန့်ရန် ကူညီသောအားဖြင့် ရေကို လျော့ချိုးခြင်း၊ ကတုံးတုံးခြင်းမျိုး ပြုလုပ်ကြရန် တိုက်တွန်းခဲ့ကြသည်။ ယခုကဲ့သို့ Morgan ၏ အကြံပြုပြောဆိုချက် ထွက်ရှိလာပြီးနောက် ရာနှင့်ချီသော ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။ ဇင်ဘာဘွေ နိုင်ငံသည် မကြာသေးမီ ဆယ်စုနှစ်များကစ၍ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုကို အဓိက ခံစားလာခဲ့ကြရသည်။ နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် အတူတကွ ပေါင်းသင်းနေထိုင်ခြင်းမှ တစ်ဆင့် ကူးစက်ခံနေကြကြောင်း သိရသည်။
@ Upper Myanmar Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...