မီးရောင်စုံတွေနဲ့
လှပနေတဲ့ မြို့လည်ကောင်မှာ အ၀တ်သေတ္တာ ခပ်ကြီးကြီး တစ်လုံး
ကျောပိုးအိတ်တစ်လုံးကို လွယ်ထားတဲ့မိန်းကလေးတစ်ယောက် ။ အချိန်ကား ည ၁၀
နာရီတိတိ ။ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းကာ
အားငယ်ဝမ်းနည်းမှုတွေကို မာန်တင်းဟန်ဖို့ နေတဲ့ မိန်းကလေး တစ်ယောက် ။
ခြေစုံရပ် နေသော ခြေထောက်တွေ ဦးတည်ရာ တစ်ခုခု ကို တွေ့ရှိလိုက်သလို စတင်
ရွေ့လျားပါပြီး
အ၀တ်သေတ္တာကို ဆွဲကာ ခြေလှမ်းလှမ်းမှန်မှန်ဖြင့်နေရာ
တစ်ခုဆီကို ဦးတည်လို့ ထွက်ခွာလာပါသည် ။ လမ်းမှာ လူတစ်ယောက်ကို
တစ်စုံတစ်ခုမေး လိုက်ပါသေးသည် ။ လေးလွန်းတဲ့ သေတ္တာကို ဆွဲကိုင်လာသောလက်တွေ
မခံနိုင်အောင် နာကျင်လှသော်လည်း အံကျိတ်ခံကာ လိုရာရောက်အောင်
လျှောက်လာခဲ့သည် ။ ဟော ! တွေ့ပါပြီ။
ဆိုင်းဘုတ်လေး တစ်ခု ။ သူမ သွားနေတာကတော့
မြန်မာတည်းခိုးခန်းတစ်ခုကိုပါ ။ ကောင်တာမှာ အခန်းယူကာ အခန်းရှိရာကို
ကိုယ်အိတ်ကိုယ်ဆွဲ တတ်လာခဲ့ပါသည် ။ အခန်းထဲရောက် တယ်ဆိုရင်ဘဲ ခြေပစ်လက်ပစ်
ကုတင်ပေါ်လဲလျောင်းလိုက်ရင်း အားရပါးရ ငိုချလိုက်မိပါတော့သည် ။
ကျွန်မဘ၀မှာ မိဘ အရိပ်အောက်မှာ
အေးချမ်းစွာ နေလာခဲ့သူပါ ။ သိပ်ကို သွားချင်လှတဲ့ နိုင်ငံခြားဆိုတာကြီးကို
ကိုယ်ဘာကိုငမ်းငမ်းတက်ရောက်ရှိ လာခဲ့သူဆိုလည်း မမှားပါဘူး ။ သူများတွေလို
အိမ်အခြေနေကြောင့် ၊ စီးပွားရေးတွေ ကြောင့်လဲ မဟုတ်ဘဲ ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရောက်လာသူပါ ။ ဘ၀ဆိုတဲ့
လောကဇာတ်ခုံကြီးက ဘယ်လောက်ထိ ကျယ်ပြောတယ် ၊ လူတွေက ဘယ်လိုဆိုတာကို ခုမှ
ကျွန်မ စတင် သိရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ကျွန်မ
မြန်မာပြည်ကနေစင်ကာပူနိုင်ငံကို တစ်ယောက်ထဲ လာခဲ့ပါသည် ။ လေဆိပ်မှာထဲက
ကြိုသူမယ့် တစ်ယောက်ထဲ တည်းမယ့်လိပ်စာကို တက္ကဆီငှားရောက်လာခဲ့ပါသည် ။
တည်းမယ့်အိမ်က ကွန်ဒိုတစ်ခုပါ ။ ကွန်ဒို အဆောင်အဦးရှေ့မှာဘဲ တက္ကဆီက
ချပေးခဲ့တာမို့ အခန်းနံပတ်ကိုဂိတ်မှာ ပြောပြကာ ၀င်ဖို့ပြောရပါသည်။
ကံဆိုးစွာ အခန်းမှာ ပြန်ဖြေမယ့်သူမရှိဘူးဆိုတဲ့ secury ရဲ့စကားသံကို
ကြားလိုက်ရချိန်မှာ ကျွန်မဘ၀အတွက် တစ်ယောက်ထဲ ရပ်တည်မှုတွေကို
စတင်စေခဲ့ပါတော့သည် ။ ကြီးမားလှတဲ့ ကျွန်မအ၀တ်အိတ်ကို
ကြည့်ကာမျက်လုံးအိမ်မှာ မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာခဲ့ပါသည် ။ ဒီအချိန်မှာ
ကျွန်မ တောင်းတမိလိုက်တာကတော့ ကျွန်မ ဖေဖေကိုပါ ။
ဖေဖေ ကို ဆက်သွယ်ဖို့ မြန်မာပြည်ကို
ဖုန်းခေါ်မှ ရမှာမို့ အရင်ဆုံး ကျွန်မ အိတ်တွေနဲ့ ဖုန်းကတ်ဝယ်ဖို့ဆိုတာ
လုံးဝမဖြစ်နိုင်ပါဘူး။လက်ကနာ၇ီကို ငုံ့ကြည့်လိုက်တော့ အချိန်က ည ၁၁ နာရီ
ထိုးပါတော့မယ် ။ ဘာလုပ်ရမည်ဆိုတာကို ဦးနှောက်ကို
ချက်ချင်းအလုပ်ပေးရပါတော့သည် ။ ကျွန်မတည်းခိုဖို့ အတွက် ဟောတည်တစ်ခုကို
အရင်ဆုံးရှာရမယ်တိုတဲ့ အသိနဲ့ ဂိတ်ကိုမေးတော့ နည်းလေးလျှောက်လိုက်ရင်
ဟောတည် တစ်ခုရှိတယ်ဆိုတာကို လမ်းညွှန်ပေးတာကြောင့် အိတ်ကိုဆွဲကာ ဟော်တည်ကို
ရောက်လာခဲ့ပါတော့သည်။ အားရအောင် ငိုပြီးချိန်မှာတော့ ရေချိုးလိုက်ပါသည်။
အားလုံးပြီးစီးချိန် နာရီကြည့်လိုက်တော့ ည ၁၂ နာရီခွဲနေပါပြီ ။
ဟော်တည်အပြင်သို့ထွက်ကာ ဖုန်းကတ်တစ်ခုဝယ်ကာ အဖေဆီ ဖုန်းခေါ်ကာ အကျိုးကြောင်း
ကို ပြောပြ လိုက်ပါသည် ။
ကျွန်မတော်တော်ကြာအောင် တွေးခဲ့ရတာတွေကို
ဖေဖေက မိနစ်ပိုင်းလေးနဲ့ မြန်မာပြည်ကနေ စီစဉ်ပေးနိုင်ခဲ့ပါတယ် ။
ဖုန်းဆက်ပြီးနာရီဝက်လောက် ဘဲကြာပါတယ် ကျွန်မဆီကို ဖေဖေ မိတ်ဆွေ
ဇနီးမောင်နှံ လာတွေ့ပါသည်။ မနက်ကို လာခေါ်မယ် တည်းမယ့်နေရာကို
သေချာလိုက်ပို့မယ် ၊ ဘာမှ ကြောက်စရာမရှိဘူးဆိုတာတွေ သေချာပြောပြ
မှာကြားပြီး ပြန်သွားကြပါသည်။ မိဘဆိုတာ အဝေးတစ်နေရာထိ အရိပ်တွေ
လိုက်မိုးပေးတယ်ဆိုတာကို ကိုယ်တွေ့ ထပ်မံသိလိုက်ရပြန်ပါသည်။ ဒါကလည်း
မကုန်နိုင်တဲ့ မိဘမေတ္တာတစ်ခုပါပဲလေ ။ ဒီလိုနဲ့ ကျွန်မ စင်ကာပူနိုင်ငံရဲ့
ပထမဆုံး ညကို အိပ်စက်လိုက် ပါတော့သည် ။
နောက်နေ့ မနက်မှ တည်းခိုရမယ့် အိမ်ကို
ကျွန်မ ရောက်ရှိခဲ့ပါသည် ။ စင်ကာပူနိုင်ငံ ဆိုတာ အားလုံးက အလုပ်ကိုယ်ဆီနဲ့
စက်ရုပ်လူသားတွေလို ရှင်သန်နေကြတယ်လို့ ကျွန်မတင်စားချင်ပါသည် ။
လူတိုင်းကြည့်လိုက်ရင် အလုအယက် လမ်းသွားနေသူတွေ ။
မျက်လုံးပွင့်တယ်ဆိုတာနဲ့ အလုပ်ကို
ပြေးကြရသည် ။ ဒါကြောင့်လည်း ခဏလေးအတွင်း အရမ်းကို တိုးတက်လာခဲ့ခြင်း
ဖြစ်နိုင်ပါသည် ။ ဒီက လူတွေကို ကြည့်ပြီး စင်ကာပူရောက်မိတ်ဆွေကို
ကျွန်မရောက်နေတယ်ဆိုတာကို အကြောင်းကြားဖို့ အားနာ ၀န်လေးနေမိပါသည် ။ ကျွန်မ
လျှောက်လည်ချင်သည် ။ mrt စီးကာ မြေပုံ ကိုင်ကာ ကိုယ်ကိုကိုယ်
သတ္တိမွေးလိုက်ပါသည် ။ ဒီနိုင်ငံမှာ အရမ်းဈေးကြီးတာကြောင့် ရေဘူးကအစ
ကျောပိုးအိတ်ထဲ ထည့်ကာ ကျွန်မ တစ်ယောက်ထဲ လျှောက်လည်တဲ့ ခရီးစဉ်ကို
စတင်လိုက်ပါသည်။
စင်ကာပူနိုင်ငံဆိုတာကို ရောက်မှ
ကျွန်မအိမ်မှာ အလွယ်တစ်ကူ ရရှိခဲ့သောအရာ အားလုံးသည် ထိုက်တန်သော တန်ဖိုးတွေ
ရှိနေပါလားဆိုတာကို ကျွန်မသိရှိနားလည်လာခဲ့ရပါသည် ။ အိမ်မှာ မိုးလင်းတာနဲ့
မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ကော်ဖီနဲ့ မုန့်တခုခု (ဒါမှမဟုတ်)ထမင်းကြော်
ဒီအစားသောက်တွေဟာ သူများနိုင်ငံမှာ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အမှန်တစ်ကယ်
ဝယ်စားရတော့မယ့် အချိန်မှာ ကျွန်မလက်တွေ တွန့်ဆုတ်နေမိပါသည် ။ မိဘ ပိုက်ဆံ
ကို လွယ်လင့်တကူ သုံးခဲ့တုန်းက အပြုံးမပျက် ခွင့်လွတ်အပြုံးနဲ့
ကျေနပ်ကြည်ဖြူ ပေးခဲ့တဲ့ဖေဖေ နဲ့ မေမေ ကို အမြဲလို ပြေးမြင်ခံစားမိပါသည် ။
နိုင်ငံရပ်ခြားမှာ အခြေတကျ အလုပ်လုပ်နိုင်ဖို့ဆိုတာ တစ်ကယ်တမ်းကျ အင်မတန်မှ
ခက်ခဲလွန်းပါတယ် ။ ကျွန်မ အလုပ်ရှာတဲ့ရက်တွေမှာ စိတ်အားငယ်ခြင်း ၊
စိတ်ပင်ခြင်း ၊ အေးဂျင့်က စိတ်မှ ချရဲ့လား ၊ ငါပေးလိုက်မိတဲ့စရံလေးများ
ပလုံသွားမလား ဆိုတဲ့ ယောက်ယက်ခက်တဲ့ အတွေးပေါင်းမြောက်မြားစွာတဲ့ အိပ်မရတဲ့
ညတွေက အများသား ။ အိမ်က vzo ချက်မယ်ပြောရင်တောင် မျက်ကွင်းဟောက်ပတ်
ကိုယ်ပုံကို မမြင်စေချင်တာကြောင့် တွေ့ချင်ရက်နဲ့ မတွေ့ရတဲ့ ဒုက္ခကတမျိုး ။
ဒီလို များပြားထွေလီတဲ့ ခံစားချက်တွေကို
အံ့တုရင်ဆိုင်ကာ ကြိုးစားနေသော်ညား အလုပ်က အဆင်မပြေ ။ ကဲဘယ်မလဲ
ပျော်စရာဆိုတာဘယ်သူက လွတ်ခဲ့တာလဲ ? ကိုယ်သဘောနဲ့ ကိုယ်လာခဲ့တာပါ ။ ဟုတ်ပြီ
ဘာလို့ အဆင်မပြေတာလဲ ? ပြင်ဆင်မှု အားနည်းခဲ့လို့ပါ ။ ဒါဆိုဘာလုပ်မလဲ ?
ဟုတ်ကဲ့ တွေးနေပါတယ် ဆိုတဲ့ အဖြေနဲ့ အတူ လူက အားအင် ကုန်ခမ်းနေပါပြီ ။
ကျွန်မလက်တွေ့ တစ်ခုကို နမူနာလေးပြောပြချင်ပါသည် ။ ကျွန်မ အလုပ်သွားတင်တဲ့
အေးဂျင့်မှာ အမတစ်ယောက်ကို တွေ့ခဲ့ပါသည်။ သူက မြန်မာပြည်မှာ accounting
ကို၁၀ နှစ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူလို့ ပြောပါသည်။
အမှန်တစ်ကယ်ကို လည်း သူတကယ်လုပ်ခဲ့တာပါ ။ အေးဂျင့်ကသူကို admin ကနေ
စ၀င်ပြီး ကျင့်သားရမှ accounting ကို ပြောင်းဖို့ ပြောပေမယ့် အဲဒီအမက
သူမှာလုပ်ငန်းအတွေ့ကြုံရှိနေပြီးတားမို့မလိုကြောင်းပြောကာ accounting ကနေ
စအလုပ်ဝင်ပါသည်။
အလုပ်ဝင်ပြီး တစ်ပတ်အကြာမှာ ဘယ်လိုမှ
မတူတာကြောင့် အဆင်မပြေတာတွေ များကာ အေးဂျင့်ဆီ ငိုလို့ရောက်လာချိန်
ကျွန်မတွေ့မြင်ခဲ့ရခြင်းပါ ။ ဆိုလိုချင်တာကတော့ နေရာတွေ အထာတွေ
ပုံဆံတွေကွာခြားတယ်ဆိုတာကို ပြောချင်တာပါ ။ အင်္ဂလိပ်စကား (သို့မဟုတ် )
တရုတ်စကား (သို့မဟုတ်) မလေးစကားကို ကျွမ်းကျင်စွာပြောတတ်နေဖို့က
ပထမဆုံးအရေးကြီးပါသည်။ နောက်တစ်ခုက ဆုံးဖြတ်ချက်ခိုင်မာရမယ် ။ ကိုယ်ကို
ကိုယ် ယုံကြည်မှု အပြည့်ဝရှိဖို့လည်းအထူးပင်လိုအပ်ပါသည်။ ကိုယ်ကပြောတတ်ပြီး
သူများပြောတာကို နားမလည်သူတွေလည်း တော်တော်များများတွေ့ရပါသည်။
အင်္ဂလိပ်စကားကို ပြောတတ်ဖို့လိုသလို ၊ သူများပြောလာတာကိုလည်း သေချာ
သဘောပေါက်နားလည်ဖို့ လည်း လိုအပ်ပါသည်။
လူကဲခတ်တတ်ဖို့လည်း လိုအပ်ပါသေးသည် ။
အရေးကြီးဆုံးအချက်ကတော့ ကိုယ်ကိုကိုယ် အမှန်တစ်ကယ်
ရပ်တည်နိုင်ရဲ့လားသူများနိုင်ငံကို သွားဖို့ငါမှာ အချက်လက် ၊ အရည်ချင်းတွေ
ပြည့်စုံပြီလားဆိုတဲ့ အချက်က အဓိက အကျဆုံးအချက်ပါဘဲရှင် ။ ဒီတော့ကျွန်မလို
နိုင်ငံခြားရောဂါထနေသူတွေ ကို ဒီဆောင်းပါးလေးကို ဖတ်ပြီး သေချာ
ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းရင်း လူတိုင်းမိမိလိုရာပန်းတိုင်ကို
လျှောက်လှမ်းပျော်ရွင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့်
ဆုတောင်းပေးလိုက်မိပါတော့သည်။
by-
No comments:
Post a Comment